What's happening?

Video Sources 2305 Views Report Error

  • Watch traileryoutube.com
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Passing (2021)

Passing (2021)

Nothing is black and white.Oct. 27, 2021United Kingdom98 Min.PG-13
Your rating: 0
9 1 vote

Synopsis

Passing (2021) Netflix က အသစ်ထွက်ရှိလာတဲ့ ထူးခြားတဲ့ drama ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Passing ဆိုတာက ယေဘူယျဆိုရရင် ကိုယ့်လူမျိုးစုမဟုတ်တဲ့ တခြားလူမျိုးစုထဲ ကူးပြောင်းသွားတာကို ဆိုလိုတာပါ။ လူဖြူ-လူမည်း ခွဲခြားမှုတွေပြင်းထန်ခဲ့တာကြောင့် လူမည်းသွေးနှောပေမဲ့ အသားလတ်တဲ့လူမျိုးတွေက လူဖြူအဖြစ်ကူးပြောင်းသွားကြတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းထဲမှာ လူမည်းသွေးနှောတဲ့ကပြားသူငယ်ချင်းမလေးနှစ်ယောက် သက်လတ်ပိုင်းအရွယ်မှာ ပြန်လည်ဆုံဆည်းကြပါတယ်။ Irene ဟာ အာဖရိကန်-အမေရိကန်‌ကပြား လူမည်းအမျိုးသမီးလေးဖြစ်ပြီး လူမည်းဒေါက်တာတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ Clare ကတော့ လူဖြူအဖြစ် Passing လုပ်ထားသူဖြစ်ပြီး လူဖြူလူချမ်းသာအမျိုးသားနဲ့ ‌အိမ်ထောင်ကျခဲ့ပါတယ်။ သူတို့သူငယ်ချင်းနှစ်‌ဦးရဲ့ဘ၀၊ အဲဒီအချိန်က လူ့အသိုင်းအဝိုင်းရဲ့သဘောသဘာ၀နဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို စိတ်၀င်စားစရာရိုက်ကူးထားပါတယ်။

ဇာတ်လမ်းတစ်ခုလုံးကို အဖြူ-အမဲကာလာနဲ့ ရိုက်ကူးထားတာက အခုခေတ်အမြင်နဲ့ဆိုရင် အတော်လေးဆန်းနေပါတယ်။ ဇာတ်လမ်းနဲ့လိုက်ဖက်ညီတယ်လို့လည်း မြင်မိပါတယ်။ ဒီရုပ်ရှင်ဟာ ‌နာမည်‌ကျော်ရုပ်ရှင်မင်းသမီးချော Rebecca Hall ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ လူ့သဘောသဘာ၀တွေကို ထင်ဟပ်ပြထားတဲ့ ထူးခြားတဲ့ရုပ်ရှင်တစ်ကားမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Review by Cherry Mon

Translated by Cherry Mon, Sunny & MaryChrist

Passing (2021)
Passing (2021)
Passing (2021)
Passing (2021)
Passing (2021)
Passing (2021)
Passing (2021)
Original title Passing
IMDb Rating 6.8 477 votes
TMDb Rating 7.4 5 votes

Similar titles

Friendship
The Twilight Saga: Eclipse
Black Mass
Hanamizuki
Abe (2019)
Our Season
Kidnapped
Green Street Hooligans: Underground (2013)
Voice of Silence (2020) မြန်မာစာတမ်းထိုး
The Courier (2019)
Infamous
The Tent