window.dataLayer = window.dataLayer || []; function gtag(){dataLayer.push(arguments);} gtag('js', new Date()); gtag('config', 'G-RHKW6HGVZY');

What's happening?

Video Sources 4145 Views Report Error

  • Watch traileryoutube.com
Palmer (2021)

Palmer (2021)

Family is who you make it.Jan. 29, 2021USA110 Min.R
Your rating: 0
9 1 vote

Synopsis

Palmer (2021)
============

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို Palmer ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် January 29/ 2021 တုန်းကထွက်ရှိခဲ့တာဖြစ်ပြီး IMDb 7.3/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့အကြောင်းတစ်စုံတစ်ရာကြောင့် ပြစ်မှုကျူးလွန်မိပြီး ထောက်ထဲရောက်ကြရတဲ့လူကောင်းတွေလည်း အများကြီးရှိပါတယ်။ ထောင်ထွက်တိုင်းလည်း ဆိုးသွမ်းရမ်းကားနေတဲ့လူဆိုးလူမိုက်တွေမဟုတ်ပါဘူး လူကောင်းတွေလည်းရှိပါတယ်။ ဒါပေမယ့် ပြစ်မှုမှတ်တမ်းရှိတဲ့လူတစ်ယောက်အတွက်တော့ သူရဲ့အနာဂတ်မှာ အမည်းစက်ကြီးတစ်ခုအဖြစ်ပါရှိနေတတ်ပါတယ်။ ပြစ်မှုမှတ်တမ်းရှိတဲ့လူတစ်ယောက်အတွက် လစာကောင်းကောင်း နေရာကောင်းကောင်းအလုပ်တွေရဖို့ဆိုတာလည်း ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။

ဒီဇာတ်ကားထဲမှာ ထောင်ကထွက်လာပြီးတဲ့နောက် ဘဝကိုခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားရတဲ့ ပါမာလ်ဆိုတဲ့လူတစ်ယောက်အကြောင်းနဲ့ သူ့ရဲ့လူသားဆန်တဲ့စိတ်ဓာတ်ကို အသားပေးဖော်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပါမာလ်ဟာ ချန်ပီယံဘောလုံးကစားသမားတစ်ယောက်ပါ။ လူငယ်သဘာဝ အဖော်မက်မိရာက သူ့သူငယ်ချင်းရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး ပိုက်ဆံခိုးကာလူရိုက်မိခဲ့တဲ့အတွက်ကြောင့် ထောင်ဒဏ် ၁၂နှစ်ကျခံခဲ့ရပါတယ်။ အာမခံနဲ့ထောင်ကထွက်လာပြီးတဲ့နောက် သူ့အဖွားဖြစ်သူဆီကိုရောက်လာခဲ့ပါတယ်။ အလုပ်ရှာပေမယ့် ပြစ်မှုမှတ်တမ်းရှိတဲ့အတွက်ကြောင့် သန့်ရှင်းရေးအလုပ်တောင်မရခဲ့ပါဘူး။ သူ့အဘွားရဲ့စိတ်ရင်းစေတနာကောင်းမှုကြောင့် အသိကျောင်းအုပ်ဆရာကြီးရဲ့ကျောင်းမှာ ကျောင်းသန့်ရှင်းရေးတာဝန်ရသွားပါတယ်။

ဆမ်က သူ့အဖွားအိမ်ဘေးက ယာဉ်တွဲကြီးထဲမှာ သူ့အမေနဲ့အတူနေပါတယ်။ တစ်ရက်မှာတော့ ဆမ်ရဲ့အမေဟာ သူ့ကိုရက်ရှည်လများ ထားသွားခဲ့ပါတယ်။ ပါမာလ်ရဲ့အဖွားကဘဲ ဆမ်ကိုခေါ်ယူစောင့်ရှောက်ထားရပါတယ်။ ဒီလိုနဲ့မမျှော်လင့်ဘဲ ပါမာလ်ရဲ့အဖွား သေဆုံးသွားပါတယ်။ အဲ့ဒီနောက် ပါမာလ်ဟာ ဆမ်ကိုမိဘမဲ့ဂေဟာပို့ဖို့ စီစဉ်ခဲ့ပေမယ့် ကောင်လေးပစ်မထားနိုင်ခဲ့ပါဘူး။ သူကိုယ်တိုင်ဘဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြား သံယောဇဉ်တွယ်တာလာတဲ့အချိန်မှာတော့ ဆမ်ရဲ့အမေပြန်ရောက်လာပါတယ်။ ကလေးကိုသူ့အမေဆီထည့်လိုက်ပေမယ့် မူးယစ်ဆေးစွဲနေတဲ့မိခင်တစ်ယောက်ဆီမှာ သူစိတ်မချဖြစ်နေပါတယ်။ အဲ့ဒီနောက် ကလေးကို အုပ်ထိန်းခွင့်ရအောင် ပါမာလ်ဘယ်လိုကြိုးစားမလဲ၊ ဆမ်ရဲ့အမေနဲ့ဘယ်လိုတိုက်ပွဲဝင်ရမလဲ၊ ဆမ်ကရော သူ့အမေကိုရွေးမှာလား ပါမာလ်နဲ့အတူနေဖို့ရွေးချယ်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ…..

Translated and Review by Maymie Kyaw
Encoded by Noah
Quality – Web
Size – 1GB / 420MB
IMDB – 7.1
Genres – Drama
Run Time – 1 Hr 50 mins

Palmer (2021)
Palmer (2021)
Palmer (2021)
Palmer (2021)
Palmer (2021)
Palmer (2021)
Original title Palmer
IMDb Rating 7.3 15,977 votes
TMDb Rating 7.9 286 votes

Director

Cast

Justin Timberlake isEddie Palmer
Eddie Palmer
Alisha Wainwright isMaggie Hayes
Maggie Hayes
June Squibb isVivian Palmer
Vivian Palmer
Wynn Everett isLucille Coles
Lucille Coles
Jesse C. Boyd isTommy Coles
Tommy Coles
Charmin Lee isJudge Ellen Antheem
Judge Ellen Antheem

Similar titles

Final Set
Bird Box Barcelona
Dreamland (2019)
The Greatest Showman
Fall Guy
Who You Think I Am (2019)
Monstrum
South of Heaven
Days of Thunder (1990)
The Midnight Sky (2020)
Summerland (2020)
You Won’t Be Alone

Leave a comment

Name *
Add a display name
Email *
Your email address will not be published