What's happening?

Video Sources 6741 Views Report Error

  • HDUnknown resource
  • SDUnknown resource
My Lovely Angel (2021)

My Lovely Angel (2021)

May. 12, 2021Unknown100 Min.
Your rating: 0
6 1 vote

Synopsis

My Lovely Angel (2021)
ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက DOTSထဲမှာ ဗိုလ်ကြီးနေရာကသရုပ်ဆောင်ခဲ့တဲ့ Jin Gooနဲ့ ကလေးသရုပ်ဆောင်လေး Jung Seo Yeonပါဝင်သရုပ်ဆောင်ထားတဲ့
My Lovely Angel ဆိုတဲ့ ကိုရီးယားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့တော့
ပတ်ဂျယ်ရှစ်ဆိုတာ ပိုက်ဆံကလွဲပြီးဘာမှမသိ ဘဝကိုရရစားစားဖြစ်သလိုရေစုန်မျောနေတတ်တဲ့လူတစ်ယောက်၊ တစ်ရက်မှာတော့ သူနဲ့အလုပ်အတူတူလုပ်တဲ့ အီဂျီယောင်းဆိုတဲ့အမျိုးသမီးလေးတစ်ယောက်သေဆုံးသွားခဲ့တယ်။
ဂျီယောင်းမှာက အွန်းဟယ်ဆိုတဲ့အသက်၇နှစ်အရွယ် မျက်မမြင်နားမကြားသမီးလေးတစ်ယောက်နဲ့ အိမ်ငှားခစပေါ်ငွေသိန်း၇၀၀ကျော်ကျန်နေခဲ့တယ်။
အဲဒါကိုသိသွားတဲ့ ဂျယ်ရှစ်တစ်ယောက်ကတော့ စပေါ်ငွေတွေလိုချင်လို့အွန်းဟယ်ရဲ့အဖေအနေနဲ့ဝင်ဟန်ဆောင်ခဲ့ပါတော့တယ်။

ဒီကားထဲမှာ အွန်းဟယ်က မျက်မမြင်နားမကြားပါ၊ ထိတွေ့မှုတစ်ခုနဲ့ပဲအရာအားလုံးသင်ကြားပေးရမှာမျိုးမို့လို့ ဘယ်မသန်စွမ်းကျောင်းကမှတာဝန်အပြည့်မယူပေးနိုင်ကြပါဘူး။
ဒီလိုနဲ့အွန်းဟယ်ကိုစာသင်ပေးဖို့က ဂျယ်ရှစ်ခေါင်းပေါ်ပဲရောက်လာပါတော့တယ်…
ပိုက်ဆံလိုချင်တာတစ်ခုကြောင့်နဲ့ ကလေးအဖေနာမည်ဝင်ယူတဲ့ ဂျယ်ရှစ်အတွက်တော့ အစပိုင်းမှာအွန်းဟယ်နဲ့ဘယ်နည်းနဲ့မှအဆင်ပြေစရာအကြောင်းမရှိပါဘူး…

ကလေးထိန်းဖို့ဆိုဝေလာဝေး ပိုက်ဆံကလွဲပြီးဘာမှမသိတဲ့ဂျယ်ရှစ်လိုလူမျိုးကို မျက်မမြင်နားမကြားကလေးမလေးအွန်းဟယ်က နောက်ပိုင်းမှာဘယ်လိုမျိုးပြောင်းလဲသွားစေနိုင်မလဲ?
သွေးမတော်သားမစပ်တဲ့လူနှစ်ယောက်ကြားက သံယောဇဉ်တွေကို
ရင်ထဲတသိမ့်သိမ့်ဖြစ်သွားရလောက်အောင်ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားလို့ ခံစားကြည့်ပေးကြပါဦးနော်…

* Application မှာလည်း ကြည့်လို့ရပါပြီ *

Google Play Store Link - https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link - https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

My Lovely Angel (2021)
My Lovely Angel (2021)
My Lovely Angel (2021)
My Lovely Angel (2021)
Original title 내겐 너무 소중한 너

Similar titles

Ponmagal Vandhal
Ankahi Kahaniya (2021)
The White Tiger (2021)
Changeling
The Green Knight (2021)
Something Borrowed
Polaroid
Slow Video
The Fallout
Heads & Tales (2021)
Fighting with My Family
The Platform (2020)