What's happening?

My Boss is a Serial Killer

My Boss is a Serial Killer

Jan. 28, 2021Unknown112 Min.Not Rated
Your rating: 0
8 1 vote

Synopsis

ဒီတစ်ခါမှာတော့ GC ပရိသတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးလည်းဖြစ် ရယ်ရယ်မောမောနဲ့အပန်းလည်းပြေစေမယ့်အပြင် mystery senseလေးကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တဲ့ My boss is serial killerလေးကို တင်ဆက်ပေးလိုက်ပါပြီနော်။ Castအလန်းစားတွေနဲ့ ပွဲထွက်လာတဲ့ဒီဇာတ်လမ်းက ဘယ်လို plotဖြစ်မလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်ကြပါစို့။(မမ ၂ ယောက်နဲ့တင်တန်နေပြီနော်XD)

ငယ်စဉ်ကတည်းက ပဟေဠိတွေ ဖော်ထုတ်ရတာကို သဘောကျတဲ့ ဘိုဂီး(Ice Preechaya)နဲ့မဲဆာ (Mookda Narinrak)တို့သူငယ်ချင်းနှစ်ယောက်ဟာ Youtube Channelထောင်ပြီး အပျော်တမ်းvideoလေးတွေ ရိုက်တင်ကြတာပေါ့။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ပဋိပက္ခတစ်ခုကြောင့် သူတို့နှစ်ယောက်ကြားမှာ လေစိမ်းတွေထန်သွားစေပြီး ဝေးကွာသွားကြတာပေါ့။ ဒီသူငယ်ချင်းနှစ်ယောက် Double Quailဆိုတဲ့ကုမ္ပဏီတစ်ခုတည်းမှာပဲ အလုပ်ဝင်မိကြပြီးတဲ့အပြင် ကွင်းဆက်လူသတ်သမားလို့သံသယရှိခံနေရတဲ့ သူတို့ရဲ့သူဌေးကို အတူတကွပြန်လည်စုံစမ်းရဖို့ဖြစ်လာတဲ့အခါ…
ရုံးဝန်ထမ်းမုဆိုးလူသတ်သမားက ဘယ်သူဖြစ်မလဲ။ ဘာဖြစ်လို့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ရတာလဲ။ ၆ နှစ်ကြာပျောက်ကွယ်နေရာကနေ ရုတ်တရက်ပြန်ထွက်လာရတာကရော ဘာကြောင့်လဲ။ အရည်အချင်း ငွေကြေးဥစ္စာ ရုပ်ရည် ဘာတစ်ခုမှ ပြောစရာမရှိတဲ့သူဌေးကရော ဘယ်လိုလုပ် သံသယရှိသူဖြစ်လာတာလဲ။ ကိုယ်တိုင်သားကောင်ဘဝရောက်နေတဲ့ကြားက ဘိုဂီး၊ မဲဆာနဲ့လင်တို့ ၃ ယောက် လူသတ်တရားခံကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်လေးကိုကြည့်လို့ အဖြေညှိကြပါစို့လား။
Translated by Marychrist and Egg
Reviewed by Marychrist

My Boss is a Serial Killer
Original title บอสฉันขยันเชือด
IMDb Rating 4.1 85 votes
TMDb Rating 6 2 votes

Similar titles