
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Midnight Runners ဆိုတဲ့ရုပ်ရှင်လေးကတော့ ရဲတက္ကသိုလ်မှာ ကျောင်းတက်ရင်းနဲ့ မိမိရှေ့မှာမိန်းကလေးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတာကိုမြင်ပြီးတော့ ကျောင်းမှာသင်တဲ့အတိုင်း ပြန်ပေးဆွဲမှုကိုဖြေရှင်းတဲ့ ရဲတက္ကသိုလ်ကျောင်းသားလေးနှစ်ဦးအကြောင်းပါ။ မိသားစုကပိုက်ဆံမရှိလို ကျောင်းလခအလကားဖြစ်တဲ့ ရဲတက္ကသိုလ်ကိုလာတက်တဲ့ ဂီဂျွန်(Park Seo Jeon) နဲ့ မတော်တဆအမှားကြောင့် ရဲတက္ကသိုလ်ကိုရောက်လာရတဲ့ ဟီယောလ်(Kang Ha Neul) တိုရဲ့ အလွဲတွေနဲ့အမှုလိုက်တဲ့ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ရဲတက္ကသိုလ်ကနေ အားလပ်ရက်ရလို အပြင်ထွက်လည်တဲ့သူငယ်ချင်းနှစ်ယောက် ကိုယ့်မျက်စိရှေ့မှာ မိန်းကလေးတစ်ယောက်ပြန်ပေးဆွဲခံရတာကိုမြင်ပြီးတော့ အနီးဆုံးရဲစခန်းကိုသွားတိုင်ခဲ့ပေမယ့် ရှေ့မှာလည်းဖြေရှင်းရမယ့်အမှုတွေ တန်းစီနေတာမလို အချိန်တစ်ခုကိုမစောင့်နိုင်ဘဲ သူတိုကိုယ်တိုင် ပြန်ပေးဆွဲမှုကိုလိုက်တဲ့အချိန်မှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့မလဲဆိုတာကို Midnight Runners ဇာတ်လမ်းလေးမှာ အတူတူစီးမျောခံစားလိုက်ကြရအောင်နော်