Men 2022
Gold Channel ပရိသတ်ကြီးအတွက် Horror,Sci-fiအမျိုးအစားဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်၊တစ်ခုသတိပေးချင်တာကတော့ horrorဆိုတဲ့အတိုင်း ရှယ်ခြောက်ပါတယ် နောက်ပိုင်းကိုရောက်လေ ခြောက်လေမို့ စိတ်ကိုကြိုတင်ပြင်ဆင်ပြီးမှသာ ကြည့်ကြပါ။ဒါပေမဲ့ horror vibeကိုမှ အပြည့်အ၀ခံစားချင်ပါတယ်ဆိုရင်တော့ နားကြပ်လေးကိုတပ် မီးလေးပိတ်လို့ကြည့် ကြည့်ကြပါလို့၊
ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဟာပါလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ကျေးလက်မှာရှိတဲ့ အိမ်လေးဆီကို တစ်ကိုယ်တော်ခရီးထွက်လာခဲ့ပါတယ်။ဟာပါက သူ့ရဲ့ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းထားတဲ့သူတစ်ယောက်ပါ၊အဲဒီလိုနဲ့ သူငှားထားတဲ့အိမ်လေးကို ရောက်တဲ့အခါမှာတော့ အိမ်လေးကိုလည်း သူအတော်လေးစိတ်တိုင်းကျတဲ့အပြင် ပတ်၀န်းကျင်ကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ကျေးလက်အငွေ့အသက်ကို အပြည့်အ၀ရစေတဲ့နေရာလေးဖြစ်နေပါတယ်၊ဒီလိုနဲ့ တစ်နေ့မှာ သူ့အိမ်ဘေးနားကိုပတ်ကြည့်နေရင်းနဲ့ မမျှော်လင့်ဘဲလူထူးဆန်းတစ်ယောက်ကို တွေ့လိုက်ရပါတယ်၊
အဲဒီလူက ဟာပါရဲ့အိမ်အထိလိုက်လာတဲ့အပြင် ကိုယ်ပေါ်မှာလည်း အ၀တ်အစားတစ်စမှမပါပါဘူး၊အဲဒီထူးဆန်းတဲ့၀တ်စလစ်နဲ့လူကစလို့ ဟာပါနဲ့သူ့ရဲ့ကျေးလက်အိမ်လေးမှာ ခြောက်ခြားစရာတွေ,ထိတ်လန့်စရာအဖြစ်တွေက ဆက်တိုက်ဖြစ်လာပါတော့တယ်၊
တစ်ကိုယ်တည်းခရီးထွက်လာတဲ့ ဟာပါတစ်ယောက် ဘယ်လိုမျိုးအဖြစ်အပျက်တွေကို တွေ့ကြုံရမလဲဆိုတာကိုတော့ Menထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။