What's happening?

Video Sources 1715 Views Report Error

  • Watch traileryoutube.com
Medieval

Medieval

For honor. For justice. For freedom.Sep. 08, 2022Czech Republic126 Min.R
Your rating: 0
5 1 vote

Synopsis

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Czech Republic နိုင်ငံရဲ့ အတော်ဆုံးစစ်သူကြီးတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့ ဂျန်ဇစ်စ်ကာ ရဲ့စစ်သူကြီးမဖြစ်ခင် ငယ်ဘဝအကြောင်းကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ရှေးခေတ်စစ်ပွဲ အကြောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျာ။

ဘိုဟေးမီယန်ဘုရင် ဧကရာဇ် ချားစ် (၄) နတ်ရွာစံပြီးတဲ့နောက်မှာ ဥရောပတိုက်တစ်တိုက်လုံးမှာ စစ်ပွဲတွေ ရောဂါကပ်ဘေးတွေ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ဖရိုဖရဲ ပျက်စီးယိုယွင်းလာပါတော့တယ်။ ကတ်သလစ်အသင်းတော်ဟာလည်း ပုပ်ရဟန်းမင်းကြီးနှစ်ပါး ရွေးကောက်တင်မြှောက်ခြင်းနဲ့အတူ နှစ်ခြမ်းကွဲသွားပါတော့တယ်။ ဒီလိုအခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ဧကရာဇ်အသစ်တင်မြှောက်မှ ရမယ်လို့ယုံကြည်တဲ့အတွက် ရောမမှာရှိတဲ့ပုပ်ရဟန်းမင်းကြီးက ဧကရာဇ် ချားစ် (၄) ရဲ့အကြီးဆုံးသားတော် ဝမ်ဆက်စလက်ကို နန်းတင်ပေးချင်နေပါတယ်။ ဘုရင်ဝမ်ဆက်စလက်ဟာ ထီးနန်းတက်ပွဲအတွက် ရောမကိုသွားရမှာဖြစ်တဲ့အတွက် အဲဒီခရီးလမ်းတစ်လျှောက် သူ့ကိုကာကွယ်ပေးမယ့် စစ်တပ်ကို လူသူလက်နက်ရိက္ခာထောက်ပံ့ဖို့ သူကောင်းမျိုး ရိုဆန်ဘက်ဆီက အကူအညီတောင်းပါတယ်။ ဒါပေမယ့်ရိုဆန်ဘက်ဟာ သူ့ရဲ့တောင်းဆိုမှုကိုငြင်းပယ်ခဲ့ပါတယ်။ ဘုရင်ဝမ်ဆက်စလက်တစ်ယောက် အရှင်ဘိုရက်ရှ်ဆိုသူရဲ့ အကြံပေးမှုနဲ့အတူ ရိုဆန်ဘက်နဲ့ စေ့စပ်ထားတဲ့ အမျိုးသမီး ကက်သရင်းကို ပြန်ပေးဆွဲကာ ရိုဆန်ဘက်ကို အကျပ်ကိုင် ဖို့အတွက် သူ့ရဲ့ကြေးစားစစ်သည်တွေဖြစ်တဲ့ ဂျန်ဇစ်စ်ကာတို့အဖွဲ့ကို စေခိုင်းပါတော့တယ်။

အဲဒီနောက်မှာ ဂျန်တို့အဖွဲ့ ကက်သရင်းကို ပြန်‌ပေးဆွဲပြီး ရိုဆန်ဘက်ကို ဘယ်လိုအကျပ်ကိုင်မလဲ။ ရိုဆန်ဘက် ကရော သူတို့ရဲ့တောင်းဆိုမှုကိုလိုက်လျောပေးပါ့မလား။ ပုပ်ရဟန်းမင်းကြီးနှစ်ပါးရဲ့ အားပြိုင်မှုကရော ဘယ်လို တွေဆက်ဖြစ်မလဲ ဆိုတာတော့ ဇာတ်လမ်း‌လေးကို ကြည့်ရှုခံစားရင်းအဖြေရှာကြည့်လိုက်ကြရအောင်ခင်ဗျာ။

Reviewed By Jack

Translated By Jack, Mg’sMaMa & DoHsuHsu

Encoded By CuKar

Medieval
Medieval
Medieval
Medieval
Medieval
Original title Medieval
IMDb Rating 5.9 3,136 votes
TMDb Rating 7.25 74 votes

Director

Petr Jákl
Director

Cast

Ben Foster isJan Žižka
Jan Žižka
Sophie Lowe isKateřina
Kateřina
Michael Caine isLord Boreš
Lord Boreš
Til Schweiger isRožmberk
Rožmberk
Matthew Goode iskrál Zikmund
král Zikmund
Karel Roden isVáclav IV.
Václav IV.

Similar titles

Those Who Walk Away
After the Pandemic
Starship Troopers 3: Marauder
Penguin Bloom (2020)
Rurouni Kenshin: The Beginning (2021)
The Kill Team (2019)
Kill Shot
Boyka: Undisputed IV (2016)
God of Trident: YangJian
Dog
Battlefield 2025
Project Power (2020)