ကဲဒီတစ်ခါ ပြောပြပေးမယ့် ဇာတ်ကားလေးကတော့ အိန္ဒိယ ကားလေးတစ်ကားပါ ။ ဒီကားလေးကတော့ အမိမြေကို ချစ်ခင်စိတ် သိပ်ကို ပြင်းထန်ပြီး
တုနှိုင်းမရလောက်တဲ့ နတ်ဘုရားမ တစ်ပါးအလား သူရဲကောင်းအမျိုးသမီးတစ်ယောက် အကြောင်းပါပဲ ။
သူကတော့ Manikarnika (မာနီခါနီကာ)
ဖွားမြင်စဉ်ကတည်းက ကံကြမ္မာ အဖတ်ခံခဲ့ရတဲ့မိန်းကလေးတစ်ယောက်…
သူ့ကျွန်ကျရောက်နေသော မိမိအမိမြေ ဂျာဟန်ဆီ ရဲ့စစ်သည် အာဂ အမျိုးသမီးတစ်ယောက်…
တိုင်းတစ်ပါးသားအား ခေါင်းငုံ့စရာဘဲ ရဲဝင့်စွာ တိုက်ခိုက်ခဲ့သော ပုန်ကန်သူခေါင်းဆောင် ဂျာဟန်ဆီ ၏ ဘုရင်မ …
သူ့၏ နယ်ချဲ့တွေကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းပုံ လေးစားအတုယူ စံထားစရာ နိုင်ငံသားတစ်ဦး၏နိုင်ငံအပေါ်ထားရှိသည့် သေသော် ငရဲမလား ဆိုသည့် မျိုးချစ်စိတ်ပြင်းထန်သူ ….
ဇာတ်လမ်းအစုံကိုတော့ ဒီကားလေးထဲမှာ ပဲ ကြည့်ရှု ခံစားစေချင်ပါတယ်။ သူ့ရဲ့မျိုးချစ်စိတ်ကို လည်း ကျွန်မတို့ နိုင်ငံအတွက် အတုယူစေချင်ပါတယ်။
ကဲ အခုပဲ ဒီကားလေးကို ပြေးကြည့်လိုက်ရအောင်လား။
Translated & Review by Nandar
Encoded by mk
Quality – Web-DL
Size – 930MB / 380MB
IMDB – 6.5
Genres – Action, Biography, Drama
Run Time – 2 Hr 28 mins