What's happening?

Video Sources 2421 Views Report Error

  • Watch traileryoutube.com
  • HDUnknown resource
  • SDUnknown resource
Loveland (2022)

Loveland (2022)

Three strangers. One city. No way out.Mar. 17, 2022Australia102 Min.R
Your rating: 0
7 1 vote

Synopsis

Expired (2022)

============

ဒီတစ်ခါမှာတော့ GCverses တို့ကို Romance မကျ Sci-fi မကျ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် (^_^メ) ၊ မင်းသားကြီး Hugo Weaving ရဲ့ ကားသစ်တစ်ကားဆိုလည်း မမှားပါဘူး (◠‿◕)

ဇာတ်လမ်းအကျဉ်းကို ပြောရရင်~~~ ဇာတ်လမ်းက ဟောင်ကောင်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အဲဒီမှာ ဂျက်ခ် ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ရှိပါတယ် ၊ သူငယ်ငယ်ကတည်းက သူ့အဖေနဲ့ ခြေသလုံးအိမ်တိုင် လျှောက်လိမ့်နေသူဖြစ်ပြီး လမ်းပေါ်မှာပဲ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ် ၊ သူ့အမေကတော့ သူမမွေးခင်ကတည်းက သူ့ကို ရောင်းစားခဲ့တယ်ဆိုတာကလွဲလို့ သူ့အမေကို သူမြင်လည်းမမြင်ဖူးသလို သိလည်းမသိခဲ့ရပါဘူး ၊ နောက်တော့ သူ့အဖေနဲ့သူ အတူကျင်လည်နေကြတုန်း တစ်မနက် သူနိုးလာတဲ့အချိန်မှာ သူ့အဖေမရှိတော့ပါဘူး ၊ သူ့ကို စွန့်ပစ်ထားခဲ့ပါပြီ ၊

ဒီလိုနဲ့ အဲဒီအရွယ်တည်းက သူ့၀မ်းသူကျောင်းလို့ သူ့ခြေထောက်ပေါ်သူရပ်တည်လာခဲ့တာပဲ ဖြစ်ပါတယ် ၊ ကြီးလာတော့ ကြေးစားလူသတ်သမားဖြစ်လာတယ်ပေါ့လေ အဲဒီလိုနဲ့ တစ်နေ့တော့ ထုံးစံအတိုင်း မြို့ထဲ လျှောက်သွားနေတုန်း ရထားပေါ်မှာ ကောင်မလေးတစ်‌ယောက်ကို‌ သူတွေ့ခဲ့ပါတယ် ၊ သူမ ဘယ်သူလဲ ဘယ်ကလဲ ဘာလုပ်လဲ သူဘာမှ မသိပါဘူး ၊ သူမကို စိတ်၀င်စားတာကြောင့် သူမနောက်ကို လျှောက်လိုက်ကြည့်ပြီး နောက်တော့ သူမအလုပ်လုပ်ရာ ကလပ်ကို ဧည့်သည်အနေနဲ့ သူသွားခဲ့ပါတယ် ၊ သူမကိုတော့ ဖျော်ဖြေစေတာပေါ့ ၊ အဲဒီကနေ ‌ဧပရယ်ဆိုတဲ့ ဗီယက်နမ်သူ အဆိုတော်မလေးနဲ့ စသိခဲ့ကြသည်ပေါ့ ၊ နောက်တော့ ရင်ဘတ်ချင်းနီးကြပြီး ချစ်မိကြသည်ပေါ့ ၊

ဒီအထိ အကုန်အကောင်းပါပဲ ၊ ပြဿနာက ဧပရယ်နဲ့ ချစ်ပြီးမှ စတာပါ ၊ သူနဲ့ ဧပရယ်ရဲ့ အချစ်တွေ ပိုလာလေလေ သူ့ခန္ဓာကိုယ်မှာ အမည်မသိရောဂါတစ်မျိုး ပိုခံစားရလေလေ ဖြစ်လာပါတယ် ၊ အဲဒါနဲ့ ဒီရောဂါကို အဖြေသိနိုင်အောင်လို့ ဒေါက်တာဘာ့ဂ်မန်းဆိုသူကို လိုက်ရှာပါတော့တယ် ၊ သူနဲ့တွေ့ပြီး ဆွေးနွေးကြည့်တော့ ဒီရောဂါသက်သာဖို့ဆို ဧပရယ်နဲ့ ဝေးဝေးနေမှ ဖြစ်နိုင်မယ် ၊ မဟုတ်ရင် သေသွားနိုင်တယ်လို့ ဆိုပါတယ် ၊ မိန်းမလှလေးနဲ့တွေ့မှ အချစ်ကိုခံစားတတ်ခဲ့တဲ့ လူကြမ်းကြီးတစ်ယောက် သူ့ရောဂါနဲ့ ဧပရယ်လေးကြား ဘယ်လိုရွေးချယ်မလဲ ၊ သူတို့အချစ်ဇာတ်လမ်းလေး တည်မြဲနိုင်ပါ့မလား ဆိုတာ ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်

Review and Translated by Sunny

Loveland (2022)
Original title Loveland
IMDb Rating 3.8 291 votes
TMDb Rating 5.5 8 votes

Similar titles

Obsessed (2014)
Red Planet
Geetha Govindam
The Hunger Games
Saw IV (2007) မြန်မာစာတန်းထိုး
Gehraiyaan
The Ninth
The Isle
Nobody (2021)
Khufiya
Mother/Android
Dreamland (2019)