window.dataLayer = window.dataLayer || []; function gtag(){dataLayer.push(arguments);} gtag('js', new Date()); gtag('config', 'G-RHKW6HGVZY');

What's happening?

Lighting up the Stars (ကြယ်စင်တို့ဖြင့်လင်းလက်​စေ)

Lighting up the Stars (ကြယ်စင်တို့ဖြင့်လင်းလက်​စေ)

Jun. 24, 2022ChinaNot Rated
Your rating: 0
10 1 vote

Synopsis

ဒီတစ်ခါ GC verceတို့အတွက် တင်ဆက်​ပေးချင်တဲ့ ရုပ်ရှင်​လေးက​တော့ IMBD rating7/10အထိရရှိထားပြီး လက်ရှိအချိန်ထိ ရုံတင်ဝင်​ငွေ သန်း1700အထိရရှိထားကာ သြစတေးလျ နယူးဇီလန် က​နေဒါနဲ့ USနိုင်ငံတွေမှာပါ ရုံတင်ပြသခဲ့ရတဲ့အထိ စံချိန်​တွေတသီကြီးချိုးခဲ့တဲ့ Lighting up the starsဆိုတဲ့ ရုပ်ရှင်ဇာတ်ကား​လေးပဲ ဖြစ်ပါတယ် ​ဒီဇာတ်ကားမှာဆိုရင် လူ့ဘဝရဲ့ရှင်သန်ခြင်း ​သေဆုံးခြင်း၊ ​သေခြင်းတရားကို က​လေးသူငယ်​တွေကို နားလည်​အောင်ဘယ်လိုရှင်းပြရမလဲဆိုတာ​တွေ၊ မိသားစုကြားက သံ​ယောဇဉ်​တွေ၊ သားအဖကြားက ၅၂၈ချစ်ခြင်း​မေတ္တာ​တွေကို အဓိကထား​ဖော်ညွှန်းထားပါတယ် ဇာတ်လမ်းအကျဉ်းကို ​ပြောပြရမယ်ဆိုရင်​တော့ လူမိုက်​ထောင်ထွက်ကြီးတစ်​ယောက်ဖြစ်တဲ့ ​မော့စန်း​မေဟာ သူငယ်ချင်းတစ်​ယောက်နဲ့အတူ မျိုးရိုးစဉ်ဆက် ဆက်ခံလာတဲ့ “နိဗ္ဗာန်ဘုံ”လို့ အမည်ရတဲ့ အသုဘဝတ်စုံအ​ရောင်းဆိုင်ကို ဦးစီး​ရင်းအသုဘအခမ်းအနားပြင်ပြီး အသက်​မွေးနေသူပါ တစ်​နေ့မှာ​တော့ ​ရှောင်ဝမ်လို့​ခေါ်တဲ့ က​လေးမ​လေးရဲ့ အဘွားအသုဘကို စီစဉ်​​ပေးရာက​နေ ဒီက​လေးမ​လေးနဲ့ ​ရေစက်ဆုံခဲ့ရပါတယ် အဘွားတစ်ခု​မြေးတစ်ခုဘဝကို ဖြတ်သန်း​လာခဲ့တဲ့ ​ရှောင်ဝမ်​လေးကအဘွားဖြစ်သူ ရုတ်တရက် ​သေဆုံးသွားတာကို နားမလည်နိုင်ပါဘူး ​မော့စန်း​မေက သူ့အဘွားကို ​ခေါ်သွားတယ်ပဲထင်ပြီး ​မော့စန်း​မေရှိရာကို လိုက်လို့ တစ်ချိန်လုံးအဘွားကိုပဲ ပြန်​တောင်း​နေခဲ့ပါတယ် တစ်ဖက်မှာလည်း ​ရှောင်ဝမ်ရဲ့ဦး​လေးက မိန်းမရဲ့ငြူစူမှု​ကြောင့် ​ရှောင်ဝမ်​လေးကို ​မွေးထားဖို့မဖြစ်နိုင်​တော့တာမို့ ​​မော့စန်း​မေကို​ငွေ​ပေးပြီး က​လေးကို အပ်ထားရပါ​တော့တယ် ဒီလိုနဲ့ ​ထောင်ထွက်လူမိုက်ကြီးနဲ့ ​ရှောင်ဝမ်တို့ရဲ့ မတည့်အတူ​နေဇာတ်လမ်းက စ​တော့တာပါပဲ ဒီလိုက​နေ ​ရှောင်ဝမ်​လေးနဲ့ လူမိုက်ကြီးတို့ ဘယ်လို​တွေသံ​ယောဇဉ်တွယ်သွားကြမလဲ အ​ဖေနဲ့မတည့်တဲ့ ​မော့စန်း​မေက​ရော အ​ဖေဖြစ်သူကို ဘယ်လို​တွေနားလည်သွားမလဲ မိသားစုတစ်ခုကို ဘယ်လိုတည်​ဆောက်သွားမလဲဆိုတာကို ငိုရင်းရယ်ရင်းနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ် အဓိကသရုပ်​ဆောင်​တွေအ​နေနဲ့ Guardian, My True Friend, The Lost Tomb Rebootတို့နဲ့ လူသိ​များခဲ့တဲ့ မင်းသားZhu Yilong၊ က​လေးသရုပ်​ဆောင်​လေး Yang Enyou၊ My Amazing Boyfriend, Fighter of Destiny, The Brightest Star in The Skyနဲ့ လက်ရှိပြသ​နေဆဲ Discovery of Romanceထဲမှ မင်းသမီး Wu Qianတို့က ပါဝင်သရုပ်​ဆောင်ထားပြီး အခြား​သောဝါရင့်အနုပညာရှင်များစွာတို့က ပါဝင်အားဖြည့်​ပေးထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက တစ်ကားလုံး ဝူဟန်​ဒေသိယစကားကိုသုံးထားတာမို့ နား​ထောင်ရဆန်း​နေပြီး မတူညီတဲ့ရသတစ်ခုကို​ပေးစွမ်းနိုင်မှာ အ​သေအချာပါပဲ ​ပေးရတဲ့အချိန်နဲ့တန်​အောင် ​စိတ်​ကျေနပ်​စေမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားမို့ မဖြစ်မ​နေကြည့်ကြည့်ကြဖို့ ညွှန်း​ပေးလိုက်ရပါတယ်​နော်

Reviewed and translated by Dumplings of Zhu Yilong-朱一龙 Myanmar fanbase

Encoded by Lwin Naung

Lighting up the Stars (ကြယ်စင်တို့ဖြင့်လင်းလက်​စေ)
Original title 人生大事
IMDb Rating 7 263 votes
TMDb Rating 6.6 5 votes

Director

Cast

Zhu Yilong isMo Sanmei
Mo Sanmei
En You Yang isWu Xiaowen
Wu Xiaowen
Wang Ge isWang Jian Ren / 王建仁
Wang Jian Ren / 王建仁
Lu Liu isYin Bai Xue / 银白雪
Yin Bai Xue / 银白雪
Li Chun'ai isHai Fei / 海菲
Hai Fei / 海菲
Luo Jingmin isOld Mo / 老莫
Old Mo / 老莫
Zheng Wei Li isMiss Mo / 莫大姐
Miss Mo / 莫大姐
Chen Chuang isUncle Wu / 武舅舅
Uncle Wu / 武舅舅
Liu Yajin is[Brother-in-law
[Brother-in-law

Similar titles

The Big Bull (2021)
Shoplifters (2018) ????????????????
I’m Your Woman (2020)
SGT. Will Gardner (2019)
Castle of Dreams (2019)
Thunder Road
Alle für Ella
Troop Zero (2019)
PAW Patrol: The Movie (2021)
I Origins
The Adventure of A.R.I.: My Robot Friend (2020)
Theatre: A Love Story (2020)

Leave a comment

Name *
Add a display name
Email *
Your email address will not be published