
Last Survivors (2022)
ဒီတစ်ခေါက်အားလပ်ရက်မှာ GC ရဲ့ပရိတ်ကြီးတွေအတွက် ရှုပ်ထွေးပွေလီတဲ့ သီအိုရီတွေနဲ့ပြည့်နေတဲ့ ကမ္ဘာက သားအဖနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ကမ္ဘာစစ်ကပ်ဘေးကြီးအပြီးမှာ ရှင်ကျန်ခဲ့တဲ့ ဂျိတ်တိုသားအဖတိုနှစ်ယောက်အကြောင်းပါ။ တစ်ကားလုံးမှာ ဒီသားအဖနှစ်ယောက်ကိုပဲ အဓိကပြထားပေမယ့် ငြီးငွေ့သွားတာမျိုးမဟုတ်ပဲ ပြင်းပြတဲ့သိချင်စိတ်တွေကို နှိးဆွပေးမယ့်ကားမျိုးပေါ့ဗျာ။
ကမ္ဘာစစ်အပြီးမှာ မြိုတွေ ရွာတွေ လူတွေ သက်ရှိမှန်သမျှ သေဆုံးကြ၊ အစာရေစားရှားပါးကြတော့ လူသားဆန်မှုဆိုတာမရှိတဲ့ ကမ္ဘာကြီးဖြစ်ကုန်တာပေါ့။ သေနတ်တစ်လက်ဆိုတာ အိမ်တိုင်းလိုလိုမှာရှိပြီး ကိုယ့်အိမ်ကိုလာမယ့် ဧည့်သည်ဆိုတာရှိရင် အရင်ဆုံးဧည့်ဝတ်ပြုလိုက်မှာက ကျည်ဆန်နဲ့ပါပဲ။ အစားအသောက်နည်းနည်းရဖို လူတွေကို သတ်ဖြတ်ကြမယ့် ပျက်ကပ်ထဲက ရှင်ကျန်ရစ်သူတွေ။
ဒီလိုရှင်သန်လာခဲ့ရင်း ၂၀ တိုင်ကြာခဲ့ပြီးတော့ တစ်နေ့မှာတော့ ဂျိတ်က ဒဏ်ရာရနေတဲ့သူ့အဖေအတွက် ဆေးထွက်ရှာခဲ့ပါတယ်။ ဂျိတ်တွေ့ခဲ့တဲ့ ကမ္ဘာကြီးကဘာလဲ။
ဝိုင်တစ်ခွက်ကိုကိုင်ပြီး သံစဥ်အေးအေးလေးအောက်မှာ စီးမျောနေတဲ့မိန်းမတစ်ယောက်။ ရေဒီယို၊ ရေခဲသေတ္တာ၊ ကား ဒီလိုမျိုး ခေတ်မှီအသုံးအဆောင်တွေရှိနေတဲ့ မိန်းမတစ်ယောက်ရဲ့အိမ်။ အစားအသောက်ကို ပေါပေါများများစားနိုင်ပြီး သူစိမ်းကို ဖော်ဖော်ရွေရွေဆက်ဆံနိုင်တဲ့ မိန်းမ။ ဒီမိန်းမရှင်သန်နေတဲ့ ကမ္ဘာကြီးနဲ့ ဂျိတ်တိုသားအဖရဲ့ ကမ္ဘာက ဘာကြောင့်များ ဒီလောက်ကွာခြားနေရသလဲ။
ဒါဟာ အပြိုင်စကြာဝဠာတစ်ခုပဲလား။ ဂျိတ်ကရော ခရီးနှင်ရင်း အခြား Dimension တစ်ခုထဲကိုရောက်သွားတာလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို Last Survivors ဆိုတဲ့ ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ပါခင်ဗျာ။
Translated & Review by HM
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 360 MB | |
Megaup HD 720p | Myanmar | 865 MB | |
Megaup FHD 1080p | Myanmar | 1.3 GB | |
Mega SD 480p | Myanmar | 360 MB | |
Mega HD 720p | Myanmar | 865 MB | |
Mega FHD 1080p | Myanmar | 1.3 GB | |
G Drive SD 480p | Myanmar | 360 MB | |
G Drive HD 720p | Myanmar | 865 MB | |
G Drive FHD 1080p | Myanmar | 1.3 GB |
deat link