
Koati (2022)
===========
Animation ကိုမှ မျှော်လင့်တတ်ကြတဲ့ Animation only ချစ်သူတွေအတွက်ရော ဘာလာလာ အကုန်မျှော်တယ်ဆိုတဲ့ စွယ်စုံချစ်သူတွေအတွက်ပါ မတင်တာကြာပြီဖြစ်တဲ့ Animation အလှည့် ပြန်လည်ကျရောက်လို့လာပါပြီနော်
ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့~~~
ဟိုးရှေးရှေးတုန်းက ဇိုဆိုတဲ့ တောအုပ်ကြီးထဲမှာ ဘာလမ်ဆိုတဲ့ ဂျာဂွာကျားသစ်ကြီးက အုပ်ချုပ်သတဲ့၊ ကျားသစ်ကြီးဘာလမ်က တရားမျှတစွာ အုပ်ချုပ်တာကြောင့် တောထဲက တိရစ္ဆာန်လေးတွေအားလုံး ပျော်ရွှင်အေးချမ်းစွာ နေထိုင်ရတာပေါ့ကွယ် ၊ အဲဒီပျော်နေရသူတွေအထဲ ခိုအာတီလေး နာချီလည်း အပါအ၀င်ပေါ့ ၊ သူဟာ ဘာသိဘာသာ သူတစ်ဦးတည်းနေရတာကို နှစ်သက်သူဖြစ်ပေမယ့်လည်း ကျားသစ်ကြီးဘာလမ်ကိုတော့ ထုတ်သာမပြတာ စိတ်ထဲကနေ လေးစားတတ်သူပါ ၊ ဘယ်လောက်ပဲကောင်းအောင်နေနေ မလိုမုန်းထားတဲ့သူရှိစမြဲဆိုသလိုပါပဲ ဘာလမ်ကို မုန်းနေပြီး သူ့နေရာကို အပိုင်သိမ်းချင်နေသူတစ်ဦး ရှိသတဲ့ ၊ သူကတော့ မြွေမ ဇိုင်းနာပဲ ဖြစ်ပါတယ်
ဒီလိုနဲ့ ဘာလမ်ရဲ့အုပ်ချုပ်မှုအောက်မှာ နေထိုင်လာကြရင်း သူတို့တောကြီးထဲမှာ မြေသားလှုပ်ရှားမှုတွေ ခဏခဏဖြစ်လာသတဲ့ ၊ အဲဒီလို မြေသားလှုပ်ရှားလာတိုင်း သစ်ပင်တွေလဲ မြေတွေပြိုနဲ့ တောထဲနေတဲ့ သူတို့တွေ ဘေးကင်းရာကို ထွက်ပြေးကြရတာပေါ့ ၊ အဲဒီလိုထွက်ပြေးကြရင်း အကောင်ပေါက်လေးတစ်ကောင်ကို စွန့်စားကယ်တင်ရာကနေ ကျားသစ်ကြီးဘာလမ် သေဆုံးခဲ့ရပါတော့တယ် ၊ ဒီတော့ သူ့နေရာကို လိုချင်တပ်မက်နေတဲ့ မြွေမ ဇိုင်းနာက အခွင့်ကောင်းယူတော့တာပေါ့ ၊ “ဇို”တောကြီးဟာ မြေပြိုမှုတွေ မကြာခဏဆိုသလို ဖြစ်နေပြီး ဆက်နေထိုင်ဖို့ မသင့်တော့တာကြောင့် သူကိုယ်တိုင်ဦးဆောင်ပြီး နော့ဇိုလန် ဆိုတဲ့ အစာရေစာပေါများတဲ့နေရာဆီ ပြောင်းရွှေ့ကြမယ်လို့ စည်းရုံးတော့တာပေါ့ ၊ အယုံလွယ်သူအများစုက သူပြောတဲ့ စကားတွေကို ယုံမှတ်ပြီး ပြောင်းဖို့ သဘောတူကြပေမယ့် သူ့ကို မယုံဘဲ သဘောမတူတဲ့သူကတော့ ခိုအာတီလေး နာချီပဲ ဖြစ်ပါတယ် ၊ ဒီတောကြီးကနေ မပြောင်းရဖို့အရေး နာချီရယ် ၊ သူ့သူငယ်ချင်း ဖားလေး ပါကိုရယ် ၊ အမာယာဆိုတဲ့ ငှက်မလေးရယ် ဘယ်လိုကြိုးပမ်းကြမလဲ ၊ သူမပြောင်းချင်ရတဲ့နောက်ကွယ်က အကြောင်းရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှူလို့ အဖြေရှာလိုက်ရအောင်ပါ
Translated by Sunny, C’mon & Monn
Reviewed by Sunny