
King Tweety (2022) ငယ်ငယ်လေးတည်းကကြည့်ခဲ့ရတဲ့တွိတီဇာတ်လမ်းလေးကိုအားလုံးသိကြမယ်လို့ထင်ပါတယ် Warner Brosရဲ့နောက်ထပ်လက်ရာထဲကကလေးတွေရဲ့အသည်းစွဲတွိတီကအသစ်တဖန်အနေနဲ့ပြန်လာပါပြီ IMDb rating 5.9ရရှိထားပါတယ် တွိတီရယ်စေးလ်ဗက်စတာရယ်Grannyရယ်တစ်ရက်မှာသတင်းတစ်ခုကိုတွေ့လိုက်ရပါတယ် ကန်နရီကျွန်းရဲ့ဘုရင်မအာဝူးဂါကထူးဆန်းစွာပျောက်ဆုံးသွားတဲ့သတင်းပါ ကျွန်းကအာဏာရှိသူတွေကနောက်ထပ်ထီးနန်းဆက်ခံမယ့်သူကိုရှာဖွေချိန်မှာ တွိတီကတော်၀င်မျိုးရိုးရဲ့အဆင်းနဲ့ကိုက်ညီတာကြောင့်နေ့ချင်းညချင်းဘုရင်ဖြစ်လာပါတော့တယ် တွိတီတစ်ယောက်ဘုရင်ဖြစ်လာပြီးနောက်မှာ တွိတီ၊စေးလ်ဗက်စတာနဲ့Grannyတို့သုံးယောက် ကန်နရီကျွန်းပေါ်မှာဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ King Tweety ဇာတ်ကားမှာကြည့်ရှုလို့ရပါပြီ…
Reviewed by Minerva
Translated by Sarah, Keith, MaryChrist & Minerva
Encoded by Cukar