
The Pursuit of Happiness နောက်ပိုင်းမှာ ကျွန်တော့်အတွက်တော့ Will Smith ရဲ့ ဇာတ်ကားတစ်ချို့က ဒီလိုမျိုးခံစားမှုမျိုးကို မပေးစွမ်းနိုင်ခဲ့ပါဘူး။ King Richard မှာတော့ အရင်လိုခံစားချက်တစ်ချို့ကို ပြန်ရခဲ့သလို ဖြစ်ရပ်မှန်တစ်ခုဖြစ်နေခဲ့တဲ့အတွက်လည်း အကြိုက်ပိုခဲ့မိပါတယ်။
တင်းနစ်နည်းပြတွေဖြစ်ကြတဲ့ ရစ်ချက်တို့လင်မယားနှစ်ယောက်အကြောင်းပါပြီးတဲ့အချိန်မှာတော့ အမျှော်အမြင်ကြီးတဲ့ရစ်ချက်က သူ့ရဲ့ရင်သွေးနှစ်ယောက်ဖြစ်တဲ့ ဆရီနာနဲ့ ဗီးနပ်စ်အတွက်ကို အစီအစဉ်ချပြီးတော့ မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီးကတည်းက ကလေးနှစ်ယောက်ကို သေချာလေး စောင့်ရှောက်ခဲ့ပြီး ရစ်ချက်ရဲ့ အိပ်မက်ကတော့ ဆင်ခြေဖုံးလူမည်းရပ်ကွက်ကို စွန့်ခွာပြီးတော့ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေကို သမီးဖြစ်သူနှစ်ယောက်အတွက် လိုချင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးတွေစီစဉ်ခဲ့လို့လည်း ဗီးနပ်စ်နဲ့ ဆရီနာဆိုတဲ့ တင်းနစ်အကျော်အမော်တွေဖြစ်လာခဲ့ပြီး အာဖရိကန်-အမေရိကန်တိုင်းအတွက် ဗီးနပ်စ်တို့နှစ်ယောက်က ခွန်အားတွေ၊ တွန်းအားတွေဖြစ်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်မှန်ဇာတ်ကားမှာတော့ ဗီးနပ်စ်တို့နှစ်ယောက် အောင်မြင်မှုတွေမရခင် ဖခင်ရဲ့သွန်သင်ဆုံးမမှုတွေ၊ ဆုံးဖြတ်ပေးမှုတွေနဲ့ ရှင်သန်နေထိုင်ရင်း နေရာတစ်ခုကိုတက်လှမ်းနိုင်ခဲ့ပုံကို ပြသထားတာပဲဖြစ်ပါတယ်။ တင်းနစ်အားကစားနဲ့ အကျွမ်းတဝင်မရှိတာကြောင့် တစ်ချို့စကားလုံးတွေမှာ အမှားများပါခဲ့ရင် သည်းခံပေးပါလို့ တောင်းပန်ရင်း….
Review and Translated by Bruce
Options | Quality | Language | Size |
---|---|---|---|
Mediafire SD 480p | Myanmar | 530 mb | |
Mediafire HD 720p | Myanmar | 1.4 gb | |
Yandex SD 480p | Myanmar | 530 mb | |
Yandex HD 720p | Myanmar | 1.4 gb | |
Mega SD 480p | Myanmar | 530 mb | |
Mega HD 720p | Myanmar | 1.4 gb | |
Mega FHD 1080p | Myanmar | 2 gb | |
G Drive SD 480p | Myanmar | 530 mb | |
G Drive HD 720p | Myanmar | 1.4 gb | |
G Drive FHD 1080p | Myanmar | 2 gb |