
အခုတစ်ခါ GC ပရိသတ်ကြီးကို မိတ်ဆက်ပေးမှာကတော့ Musical Film ကို ဇာတ်ကြောင်းပြောပြသလို ရိုက်ကူးတင်ဆက်ထားတဲ့ Killing Romance ပဲဖြစ်ပါတယ်
ရုပ်တည်ကြီးနဲ့ ဟာသကား ကြည့်ချင်ရင်တော့ ဒီကားကိုသာ ကြည့်လိုက်ပါ။ ကြမ်းရမ်းပြနေလည်း မျက်နှာမြင်ပြီး ရယ်နေရမှာအမှန်ပါပဲ
ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်လောကကနေ အနားယူသွားပြီဖြစ်တဲ့ မင်းသမီးကြီးက ဇာတ်ကြောင်းပြောပြတဲ့ ဇာတ်လမ်းလေးပါ
ပုံပြင်ဆန်ဆန် ရိုက်ကူးထားတာမလို လူကြီးလူငယ်မရွေးကြိုက်ကြမယ့် ကားလေးလည်း ဖြစ်ပါတယ်
ပုံပြင်ထဲက မင်းသမီးဟာ ကျွန်းတစ်ကျွန်းပေါ် အနားယူဖိုသွားရင် လူဆိုးတွေနဲ့ တွေ့ရတဲ့အခါ မင်းသားလေးက ကယ်တင်ပေးရင်း ချစ်ကြိုးသွယ်မိပါတော့တယ်
တစ်ဖက်မှာလည်း မင်းသမီးကို အားပေးနေတဲ့ ဖန်ဘွိင်းလေးက မင်းသမီးနဲ့ အိမ်ချင်းကပ်လျက် နေရတဲ့အခါ သူတိုနှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဖြစ်လာမှာလဲ
သူ့ကို ကယ်တင်ပေးတဲ့ မင်းသားက တကယ်ပဲ မင်းသားလေးလား။ မင်းသားယောင်ဆောင်ထားတဲ့ လူဆိုးလားဆိုတာကို GC Channel ရဲ့ ပိတ်ကားထက်မှာ အားပေးကြည့်ရှုလိုက်ကြရအောင်နော်
Review by Claudia
Translated by Sharon & Claudia
Encoded by Cham