
Jurassic World ဒုတိယကားမှာ မီးတောင်ပေါက်ကွဲတာကြောင့် ဒိုင်နိုဆောတွေ မျိုးမတုန်းသွားအောင် အိုဝင်နဲ့ကလဲရ်တို သွားကယ်ခဲ့ကြတာ အားလုံးမှတ်မိကြဦးမှာပါ။
အခုဇာတ်ကားမှာတော့ ဒိုင်နိုဆောတွေဟာ လူသားတွေနဲ့အတူ ရောနှောနေထိုင်နေကြပြီး နှစ်ဖက်လုံးက ပြောင်းလဲလာတဲ့ ကမ္ဘာကြီးနဲ့ အသားကျအောင်ကြိုးစားနေရပါတယ်။ တစ်ဖက်မှာလည်း ဒိုင်နိုဆောတွေ နယ်စပ်ကိုကျော်လာတော့ မှောင်ခိုဈေးကွက်တွေလည်း ကြီးထွားလာတာနဲ့အမျှ တရားမဝင်မွေးမြူမှုတွေ၊ ကူးသန်းရောင်းဝယ်မှုတွေ ကြီးထွားလာပါတော့တယ်။ ဒါကြောင့် အစိုးရအဖွဲက ဒိုင်နိုဆောနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အားလုံးကို ဘိုင်အိုဆင်းလိုခေါ်တဲ့ ကုမ္ပဏီကို လွှပြောင်းပေးခဲ့ပါတယ်။ ဒီကုမ္ပဏီက အီတလီ ဒိုလိုမိုက်တောင်ပေါ်မှာ ဒိုင်နိုဆောတွေအတွက် ဘေးမဲ့တောဖန်တီးပေးထားပြီး သူတိုကိုယ်ခံအားကို ဆေးပညာအတွက်အသုံးချဖို ကြိုးစားနေပါတယ်။
တစ်နေ့ကျ တက္ကဆက်ပြည်နယ်မှာ ဧရာမကျိုင်းကောင်ကြီးတွေပေါ်လာတာကြောင့် စိုက်ခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့် အယ်လီနဲ့ အယ်လန်တိုက ဒီပြဿနာရဲ့ အရင်းအမြစ်ကို လိုက်စုံစမ်းဖိုထွက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အိုဝင်နဲ့ကလဲရ်တိုရဲ့ သမီးကိုယ်ပွားဖြစ်တဲ့ မေစီလေး အဖမ်းခံလိုက်ရတာကြောင့် ပြန်လိုက်ကယ်ဖိုကြိုးစားရင်း နှစ်ဖွဲသားဆုံမိကြတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ ရှုစားရမှာပဲဖြစ်ပါတယ်။
Review by Lynn Kha
Options | Quality | Language | Size |
---|---|---|---|
Userdrive SD 480p | Myanmar | 549 MB | |
Userdrive HD 720p | Myanmar | 1.2 GB | |
Userdrive FHD 1080p | Myanmar | 2.2 GB | |
Mega SD 480p | Myanmar | 549 MB | |
Mega HD 720p | Myanmar | 1.2 GB | |
Mega FHD 1080p | Myanmar | 2.2 GB | |
G Drive SD 480p | Myanmar | 549 MB | |
G Drive HD 720p | Myanmar | 1.2 GB | |
G Drive FHD 1080p | Myanmar | 2.2 GB |
1080pက 360pကြီးဖြစ်နေတယ်ဗျ 😐