
Jiu Jitsu (2020)
=================
မြန်မာနိုင်ငံမှာ ပလူတိုနီယမ်သတ္တုကို ခိုးပြီးတူးနေတဲ့စစ်သားတစ်စုဆီကို တိုင်းရင်းသားအဒေါ်ကြီးက ဒဏ်ရာရနေတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ကို လာပို့ပါတယ်။
သူကဒီလူငယ်လေးဟာ ၆ နှစ်တစ်ကြိမ်ကြုံတွေ့ရမြဲဖြစ်တဲ့ ဂြိုလ်သားဝိဉာဉ်ရဲ့အန္တရာယ်ဆိုးကို တွန်းလှန်ပေးမယ့်လူဖြစ်ကြောင်း စစ်သားတွေကိုပြောပေမယ့်
မြန်မာစကားနားမလည်တဲ့စစ်သားတွေကတော့ တလွဲတွေထင်ရင်း အဓိပ္ပာယ်ကောက်လွဲခဲ့ပါတယ်။ သူကနိုးလာတဲ့အချိန်မှာ စစ်သားတွေကရန်သူ
သူလျှိုဖြစ်မှာစိုးပြီးစစ်မေးနေကြပေမယ့် သူကနာမည်ကိုတောင်မမှတ်မိလောက်အောင် အတိတ်မေ့နေခဲ့ပါတယ်။
ဒဏ်ရာရထားပေမယ့် သူကစစ်သားလူသန်ကြီးတစ်စုကိုလှဲသိပ်နိုင်တဲ့အထိ အတိုက်အခိုက်ကလည်း ကျွမ်းကျင်နေပြန်ပါတယ်။
အဲဒီစစ်စခန်းမှာရှိနေတုန်း လူထူးလူဆန်းတစ်ယောက်က သူ့ကိုလာကယ်ထုတ်ရင်းသူ့နာမည်ဟာဂျိတ်ခ်ဖြစ်ကြောင်း သိလာရပါတော့တယ်။
ဂျိတ်ခ်မေ့နေခဲ့တဲ့အကြောင်းအရာတွေက ဘာဖြစ်မလဲ။ အဲဒီထူးဆန်းတဲ့ဂြိုလ်သားကရော ဘယ်ကနေရောက်လာပြီး
ဘာလို့လူတွေနဲ့တိုက်ခိုက်ချင်တာလဲ။ ဂျူဂျစ်ဆုဆိုတဲ့ အတိုက်အခိုက်ပညာကိုရော ဂျိတ်ခ်တို့ကိုဘယ်သူသင်ပေးတာလဲ။
နောက်ဆုံးမှာဂျိတ်ခ်ကရော ဂြိုလ်သားကိုအနိုင်ယူရင်း ကမ္ဘာကြီးကိုကယ်တင်နိုင်မှာလားဆိုတာကို
ဒီ Jiu Jitsuဆိုတဲ့ရုပ်ရှင်လေးမှာ အဖြေရှာကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်လေးက မြန်မာနိုင်ငံပုဂံမြို့မှာလာရိုက်ထားတာဖြစ်ပြီး
တစ်မူထူးခြားတဲ့ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်။
Review by Zin Min Thu
Translated by Zin Min Thu & Ngal
Encoded by Noah
Quality – Webrip
Size – 900MB / 370MB
IMDB –N/A
Genres – Action, Fantasy
Run Time – 1 Hr 42 mins