ဒီဇာတ်ကားလေးကအမှုဖော်တဲ့ဇာတ်ကားလေးပါ။ တစ်နှစ်သမီးအရွယ်လောက်မှာ တခြားကလေးတွေကဖေဖေမေမေ ခေါ်တတ်ရုံရှိသေးပေမဲ့ ဂျီဝူးကတော့ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင်အတတ်မြန်သူလေးပါ။ ကံမကောင်းစွာပဲ သူမဟာအော်တစ်ဇင်ဖြစ် နေခဲ့ပါတယ်။ ဂျီဝူးမှာ မှတ်ဥာဏ်ကောင်းတွေ နဲ့ အဝေးကြီးက တီးတိုးသံကိုတောင်သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတယ်။ ရှေ့နေယန်ဆွန်းဟိုဟာစစချင်းမှာတော့ တရားခံဖြစ်တဲ့ အိမ်အကူအမျိုးသမီးဘက်ကနေလျှောက်လဲချက်တင်ပေးပါတယ် ။ ဂျီဝူးနဲ့ရင်းနှီးအောင်ဘယ်လိုဖန်တီးသွားမလဲ။ အော်တဇင်တစ်ယောက်ရဲ့အပြု အမူတွေကိုဘယ်လိုလေ့လာသွားလဲဆိုတာကိုဒီဇာတ်ကားလေးကြည့်ရင်းတွေ့မြင်ရမှာပါ။ နောက်ပိုင်းမှာဘယ်သူနိုင်သွားလဲ ။ သူတို့တွေကြားမှာဘာပြဿ နာတွေဖြစ်သွားခဲ့လဲ ။ ဘယ်လိုပြန်အဆင်ပြေသွားလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါနော်။ ပြောရင်းပြောရင်းဇာတ်ကားမကြည့်ဘဲသိရသလိုဖြစ်သွားမှာဆိုးလို့နဲနဲပဲပြောပြလိုက်မယ်နော်။ အမှုအခင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေ၊ အော်တဇင်အကြောင်းလေ့လာချင်သူတွေ နဲ့ ဗဟုသုတအနေနဲ့သိချင်သူတို့ကိုဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်နော်။
Subtitle and reviewed by Aung Thiha kyaw
Encoded by Ji shun
IMDB — 7.3
Running time — 2h 9min