
ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှထွက်ရှိထားပြီး အမေရီကန် အက်ရှင် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အကြောင်းတစ်ခုခုကြောင့်အငြိမ်းစားယူထားတဲ့အမေရီကန်ဟက်ကာတစ်ယောက်ဖြစ်တဲ့ အော်လန်ဒိုဖရိုင်ရာကို ဦးတည်ပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းအစကို ဗုံးပေါက်ကွဲမှုကနေအစချီထားပါတယ်။ တစ်နေ့မှာအော်လန်ဒိုတစ်ယောက် ရုံးကိုသွားကာ လုပ်နေကြမြဲလုပ်နေစဥ် မထင်မှတ်ထားဘဲ စပီကာမှအမည်မသိလူတစ်ယောက်က သူ့ကိုဆက်သွယ်လာပါတော့တယ်။ အဲ့ဒီ့အခါမှာအော်လန်ဒိုဟာ သူ့ထိုင်ခုံအောက်မှာ ဗုံးတပ်တင်ထားတာကိုသိလိုက်ရတဲ့အခါ ထိုင်ခုံကနေထနိုင်ဖို့အတွက် အမည်မသိလူတစ်ယောက်စေခိုင်းမှုကို မဖြစ်မနေလုပ်ရပါတော့တယ်။ တစ်ဖက်မှာလဲ FBI ဟာ ဗုံးပေါက်ကွဲမှုကိုလိုက်စုံစမ်းနေရင်း အော်လန်ဒိုဆီကိုသံသရဝင်လာတဲ့အခါအော်လန်ဒိုတစ်ယောက် ထိုင်ခုံကထနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ FBI ဟာလဲတရားခံအစစ်ကိုဖမ်းမိမလား၊ အော်လန်ဒိုကရော ဟက်ကာဘဝမှ ဘာအကြောင်းကြောင့်အငြိမ်းစားယူခဲ့ရတာလဲဆိုတာကို သည်းထိပ်ရင်ဖို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကောင်းကားလေးပဲဖြစ်ပါတယ်။
Options | Quality | Language | Size |
---|---|---|---|
Userdrive SD 480p | Myanmar | 400 MB | |
Userdrive HD 720p | Myanmar | 950 MB | |
Userdrive FHD 1080p | Myanmar | 2.3 GB | |
G Drive SD 480p | Myanmar | 400 MB | |
G Drive HD 720p | Myanmar | 950 MB | |
G Drive FHD 1080p | Myanmar | 2.3 GB | |
Racaty SD 480p | Myanmar | 400 MB | |
Racaty HD 720p | Myanmar | 950 MB | |
Racaty FHD 1080p | Myanmar | 2.3 GB |