Cornetto Trilogy ထဲက ပထမကားဖြစ်တဲ့ Hot Fuzzတိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်းကတော့ နီကိုလက်စ်ဆိုတဲ့ လန်ဒန်မြို့က အလုပ်အရမ်းကြိုးစားတဲ့ရဲသားတစ်ယောက် ဆုတံဆိပ်များစွာရထားတဲ့သူ အရမ်းတော်လွန်းတဲ့ရဲပေါ့ ထုံးစံအတိုင်း တော်တဲ့လူဆိုရင် ချောင်ထိုးပစ်ချင်ကြတဲ့လောကကြီးဆိုတော့ ရဲသားနီကိုလက်စ် ကိုဆာဂျင်ရာထူးပေးပီး အကောင်းဆုံးရွာဆုရထားတဲ့ဆိုတဲ့ ဆန်းဖို့ဒ်ဆိုတဲ့ရွာလေးကိုပြောင်းခိုင်းလိုက်ပါတော့တယ် ထူးထူးဆန်းဆန်းရွာသားတွေနဲ့ လူမှန်လူဖြောင့်ရဲတို့ဘယ်လို နှစ်ပါးသွားကြမလဲဆ်ုတာကတော့ Downပီးတောသာကြည့်လ်ုက်ပါတော့ ဇာတ်လမ်းပုံစံကတော့ Comedy Actionအမျိုးအစားပဲဖြစ်ပါတယ် တော်တော်ရယ်ရပါတယ် ဒီတိုင်းကြီးပေါပြီးရယ်နေရတာမျိုးမဟုတ်ဘဲနဲ့ ပေးချင်တဲ့messageကိုလဲပရိတ်သတ်ဆီရောက်အောင်ပေးနိုင်ပါတယ် Cornetto Trilogy ထဲမှာပါတဲ့ကားတွေကတော့ Hot Fuzz Shaun of The Dead The World’s End တို့ပဲဖြစ်ပါတယ် Trilogyဆိုပေမယ့်လို့ တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိပါဖူး Director Edgar Wright ရိုက်ကူးထားပြီး မင်းသားSimon Peggနဲ့ Nick Frost တို့ရဲ့အတွဲညီမှုတွေကို တခွိခွိရယ်ရရင်းကြည့်ရမှာပါ IMDb 7.9/10 ရထားတဲ့ကားတစ်ကားမို့ ပရိတ်သတ်တို့ကြိုက်နှစ်သက်မယ်ဆိုတာအာမခံပါတယ်ဗျာSubtitle and reviewed by Yan Yan
Encoded by Ji shun
IMDB — 7.9
Genres —
Action,
Comedy,
MysteryRunning time — 2h 1min