
ဖြောင့်ဖြူးတဲ့ တက္ကသိုလ်ဘဝခရီးရဲ့အစ တစ်နည်း ကျောင်းသားတွေရဲ့ ဘဝတစ်ဆစ်ချိုးဆိုရင်တော့ အထက်တန်းနောက်ဆုံးနှစ်ကို ပြေးမြင်ကြမှာပါ(ဒီက ၁၀ တန်းလိုပေါ့)။ ဒီနေ့မှာတင်ဆက်ပေးမှာကတော့ အထက်တန်းsenior yearရောက်နေတဲ့ ကျောင်းသားလေးတွေကြားက အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ Honor Societyဆိုတဲ့ ရုပ်ရှင်လေးပါ။ High Schoolရဲ့အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ရုပ်ရှင်လေးဆိုတော့ ငယ်ဘဝအမှတ်တရလေးတွေကို ပြန်အမှတ်ရစေမယ့် ရုပ်ရှင်လေးတစ်ကားပါပဲ။ အော်နာဆိုတဲ့မိန်းကလေးဟာ ကျောင်းစာဆိုကျောင်းစာ အားကစားဆိုအားကစား ပရဟိတဆိုပရဟိတ ပြောစရာမလိုအောင် ဘက်စုံကြိုးစားနေတဲ့ အရိုးခံကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ဒါဟာ အများအမြင်ကအော်နာဖြစ်ပြီး တကယ့်အော်နာအစစ်ကတော့ ဟားဗက်တက္ကသိုလ်ကို အရတက်နိုင်ဖို့ အကြံကြီးနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဟားဗက်ရောက်ရေးတို့အရေးနဲ့ နှစ်ရှည်ပလန်ဆွဲနေတဲ့ အော်နာတစ်ယောက် ဟားဗက်ကို ထောက်ခံစာရေးပေးမယ့် မစ္စတာကယ်လ်ဗင်ရဲ့ အလေးပေးမှုရဖို့အတွက် မိုက်ကယ် ၊ ထရာဗစ်နဲ့ ခန်နဒီဆိုတဲ့ ပြိုင်ဘက် ၃ ယောက်နဲ့ ယှဉ်ရဖို့ဖြစ်လာတဲ့အခါ… ဆယ်ကျော်သက်တွေကြားက အားပြိုင်မှုနဲ့အချစ်ရေး၊ ရည်မှန်းချက်အတွက်ကြိုးစားကြပုံနဲ့အတူ ဒရမ်မာလေးတွေ ပန်းနုသွေးအကွက်လေးတွေကိုပါ စုံစုံလင်လင်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာဖြစ်လို့ အခုပဲကြည့်ရှုခံစားဖို့Highly recommendပါနော်။
Aung nyein min
i like it