
Hell Hath No Fury(2021)
================
အခုတစ်ခါမှာတော့ နာဇီခေတ်က ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်ခင်က နာဇီတွေရဲ့ယုတ်မာရက်စက်မှုတွေကို အထူးတလည်ရှင်းပြစရာမလိုအောင် လူတိုင်းသိရှိပြီးဖြစ်မှာပါ။ ဒီကားလေးမှာလည်း ဆိုးသွမ်းယုတ်မာပြီး လူတကာဆီက ရွှေတွေလုယက်ပြီး ရွှေချောင်းတွေဖွက်ထားချင်နေတဲ့ နာဇီကာနယ်ဗွန်ဘရွတ်ခ်နာ၊ မိဘတွေအတွက် လက်စားချေပေးဖို့ ဗွန်ကိုအသေသတ်ဖို့ မဟာမိတ်နဲ့လျှို့ဝှက်ပူးပေါင်းနေတဲ့ သူ့ချစ်သူမာရီ ၊ မာရီနဲ့ လျှို့ဝှက်ပူးပေါင်းထားပြီး မာရီကိုတိတ်တခိုးချစ်နေမိသူ မဟာမိတ်ပြင်သစ်စစ်သားလေးနဲ့ ဗွန်ဘရွတ်ခ်နာရဲ့ ရွှေချောင်းတွေကို အမေရိကန်သယ်ပြီး အပွကြံဖို့ချောင်းနေတဲ့ အမေရိကန်စစ်သားတစ်ဖွဲ့…အကြံအစည်ကိုယ်စီနဲ့ ဒီလူတွေအားလုံး ကံကြမ္မာအလှည့်အပြောင်းမှာ အတူတူဆုံတွေ့ခဲ့ကြလေတော့ ဉာဏ်ကစားပွဲမှာ ဘယ်သူက အသက်ပေးရပြီး ဘယ်သူကရှင်ကျန်ရစ်သူဖြစ်မလဲ။ ဘယ်သူကရော သူ့ရဲ့ရည်မှန်းချက်တွေ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မလဲဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရှုရင်းနဲ့သာ ပဟေဠိအဖြေညှိလိုက်ပါတော့။ ။
Translated & Reviewed by MaryChrist
App နဲ့ ကြည့်ချင်သူများအတွက် App Downlink
============================
For Android Phone
Mediafire > https://www.mediafire.com/…/73s14whp2…/gcmobile.apk/file
Mega > https://mega.nz/file/yDJi2L6I…
For Android Box & TV
Mediafire > https://www.mediafire.com/file/cq89lbk5l0fwdtn/gctv.apk/file
Mega > https://mega.nz/file/COBW0Z7Y…
===========================