What's happening?

Video Sources 20318 Views Report Error

  • Watch traileryoutube.com
Happy Death Day 2U (2019) မြန်မာစာတမ်းထိုး

Happy Death Day 2U (2019) မြန်မာစာတမ်းထိုး

Death makes a killer comebackFeb. 13, 2019USA100 Min.PG-13
Your rating: 0
10 3 votes

Synopsis

Happy Death Day 2U (2019)

Storyline
~~~~~~

Happy Death Day (2017) မှာသေကိန်းဆိုက်ခြင်းကနေလွတ်ခဲ့တဲ့ Tree Gelbman တစ်ယောက် အချစ်သစ်နဲ့ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမယ့် ရည်းစားဖြစ်သူ Carter ရဲ့သူငယ်ချင်း Ryan တစ်ယောက် သူမဖြစ်ခဲ့သလို တစ်ရက်တည်းနဲ့ Looping ပတ်နေတဲ့အဖြစ်မျိုးကြုံလာချိန်မှာတော့ သူမကံတရားထပ်မံပြောင်းလဲခဲ့ရပါတယ်။

Ryan ကို ကလေးမျက်နှာဖုံးတပ်ထားတဲ့သူတစ်ယောက်ကလိုက်လံသတ်ဖြတ်နေခဲ့ပါတယ်။ ဒီလူဆိုးကိုဖမ်းဆီးဖို့ Tree တို့ကြိုးစားရင်း ကိစ္စအားလုံးရဲ့ရင်းမြစ်ကိုသိရှိသွားခဲ့ပါတော့တယ်။ Tree တစ်ယောက်သူမရဲ့မွေးနေ့မှာ ဘယ်လိုကိစ္စတွေနဲ့ဆက်လက်ကြုံရဦးမယ်ဆိုတာတော့….

Review
~~~~~

Happy Death Day 2U ကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ပဲဖြစ်ပါတယ်။ Groundhog Day လို၊ Naked လို တစ်ရက်တည်းမှာပဲ Looping ပတ်နေတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။

ပထမဇာတ်ကားတုန်းက ဇာတ်ကောင်ဖြစ်တဲ့ Tree Gelbman ဟာအသတ်ခံရပြီးတိုင်းအဲ့ဒီနေ့မှာပဲပြန်ပြန်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့သူ့ကိုဘယ်သူသတ်တယ်ဆိုတာအဖြေရှာရပါတော့တယ်။

ဒါပေမယ့် Happy Death Day 2U မှာတော့ Multiverse Theory တွေပါပါလာတော့ ပထမဇာတ်ကားလောက်စိတ်ဝင်စားဖို့မကောင်းတော့တာအမှန်ပဲဖြစ်ပါတယ်။

ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဘာ့ကြောင့် တစ်ရက်တည်းမှာပဲထပ်ခါထပ်ခါလည်နေလဲဆိုတဲ့အဖြေကို ဒီဇာတ်ကားမှာဖြေရှင်းသွားခဲ့ပါတယ်။

ဒီဇာတ်ကားမှာတော့ Tree တစ်ယောက် သာမန်တစ်ရက်တည်းမှာနိုးထတာမျိုးမဟုတ်တော့ပဲ တခြားသော Dimension တစ်ခုကိုပါရောက်သွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပုံမှန်ဖြစ်ပျက်နေကျဖြစ်ရပ်အားလုံးဟာလဲပြောင်းလဲလို့သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည့်ဖို့အကောင်းဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင် Jessica Rothe ကြောင့်ပါပဲ။

ဇာတ်လမ်းက Thriller/Comedy ပုံစံဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးပဲရိုက်ပြထားတာဖြစ်ပါတယ်။ ဟာသဖောက်တဲ့တချို့အခန်းတွေကတော့ ကလိထိုးရယ်ရသလိုပါပဲ။

နောက်မျက်ရည်ချူတဲ့အခန်းတွေလဲပါဝင်ပြန်ပါသေးတယ်။ ပထမဇာတ်ကားကဇာတ်ဆောင်တွေပဲပြန်ပါဝင်တာဖြစ်ပြီး ပထမဇာတ်ကားက သိပ်အရေးမပါခဲ့တဲ့ Ryan ဟာ ဒီဇာတ်ကားမှာတော့အဓိကတာဝန်ရှိသူဖြစ်လာပြီဖြစ်ပါတယ်။

ဒီဇာတ်ကားကိုကြည့်ရင်းကြည့်ရင်း ခံစားမိလာမှာကတော့ Scooby Doo လားဆိုတဲ့ခံစားချက်ပါပဲ။ တကယ့်ကို Scooby Doo မှာတွေ့ရတဲ့အကွက်တွေလုပ်ပြထားတာအများကြီးပါပဲ။

အဆုံးသတ်ကိုလဲသောင်မတင်ရေမကျလုပ်သွားပြန်တော့ ဒါဟာ နောက်ထပ်တကားအတွက်ချန်ထားတာများလားဆိုတဲ့အတွေးပေါ်စေမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုမကြည့်ခင်တစ်ခုမှာချင်တာက ၂၀၁၇ ထွက် ပထမဇာတ်ကားကိုကြည့်ကြပါဆိုတာပါပဲ။ ပထမဇာတ်ကားမကြည့်ရသေးရင်တော့ နားလည်ဖို့တော်တော်ခက်ပါလိမ့်မယ်။

သေချာတာကတော့ သဲထိတ်ရင်ဖိုဇာတ်ကားကိုမျှော်လင့်နေရင်တော့ သဲထိတ်ရင်ဖိုတွေတွေ့ရမှာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေအရွှန်းဖောက်တာတွေပဲမြင်ရမှာပါ။

အဓိကမင်းသမီးကလွဲလို့ ကျန်တဲ့သရုပ်ဆောင်တွေကြည့်ရတာ ဘာလိုမှန်းမသိ လိုနေတဲ့ ခံစားချက်မျိုးကို ဒီဇာတ်ကားမှာဖောဖောသီသီတွေ့ရမှာဖြစ်ပါတယ်။

ဒီတော့ Scooby Doo လိုကားမျိုး၊ Groundhog Day လိုကားမျိုးကြိုက်တယ်၊ slasher ဇာတ်ကားမျိုးကြိုက်တယ်ဆိုရင်တော့ကြည့်သင့်တဲ့ကားပါပဲ။

Movie Info:
~~~~~~

Casts

Director: Christopher Landon
Jessica Rothe : Tree Gelbman
Israel Broussard : Carter Davis
Phi Vu : Ryan Phan
Suraj Sharma : Samar Ghosh
Sarah Yarkin : Andrea ‘Dre’ Morgan

Genres: Drama | Horror | Mystery | Sci-Fi | Thriller

IMDB : 6.6
Rotten Tomatoes : 67%
Zenith : 2.5/5

Translated by Thida
Reviewe credit to #Zenith_Review #HappyDeathDay2U
Encoded by Lwin Naung
Quality Hdrip
Size 850/280 MB
IMDB 6.5
Genres Drama, Horror, Mystery
Runtime 1h 40min

Happy Death Day 2U (2019) မြန်မာစာတမ်းထိုး
Happy Death Day 2U (2019) မြန်မာစာတမ်းထိုး
Happy Death Day 2U (2019) မြန်မာစာတမ်းထိုး
Original title Happy Death Day 2U
IMDb Rating 6.2 50,391 votes
TMDb Rating 6.2 412 votes

Director

Cast

Jessica Rothe isTheresa "
Theresa "
Israel Broussard isCarter Davis
Carter Davis
Phi Vu isRyan Phan
Ryan Phan
Suraj Sharma isSamar Ghosh
Samar Ghosh
Sarah Yarkin isDre Morgan
Dre Morgan
Rachel Matthews isDanielle Bouseman
Danielle Bouseman
Ruby Modine isLori Spengler
Lori Spengler
Steve Zissis isDean Roger Bronson
Dean Roger Bronson
Charles Aitken isGregory Butler
Gregory Butler
Laura Clifton isStephanie Butler
Stephanie Butler

Similar titles

Brimstone (2016) ????????????????
The Hand of God
Ella Enchanted
Neeyat
Pineapple Express
The Last Summer
The Monkey King
Lootcase
Low Season
Sea Fever (2019)
Underwater
The Babysitter: Killer Queen