
ကျွန်တော်တိုငယ်ငယ်ကအသဲစွဲ ‘On the floor’၊ ‘Let’s get loud’ သီချင်းတိုရဲ့ပိုင်ရှင် အမေရိကန်အဆိုတော် Jennifer Lopez ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာပါ။ ရုပ်ရှင်အမျိုးအစားကတော့ Biographical Documentary အမျိုးအစားဖြစ်ပြီး Netflix ကရိုက်ကူးထားတာဖြစ်ပါတယ်။ Rating တွေကတော့ IMDb 6.4/10 နဲ့ Rotten Tomatoes 85% နှုန်းတိုအသီးသီးရရှိထားပါတယ်။
Jennifer Lopez ဟာသီချင်းဆိုရုံတင်မက Anaconda (1997)၊ The Wedding Planner (2001)၊ Enough (2002) တိုအပြင်အခြားရုပ်ရှင်များမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့စတိတ်စင်ပေါ်ကဖျော်ဖြေတင်ဆက်မှုတွေကိုကြည့်ပြီးရင်တော့ သူမက Dancer ကောင်းတစ်ယောက်လည်းဖြစ်တယ်ဆိုတာကိုငြင်းကြမှာမဟုတ်ပါဘူး။ ဒီလိုနယ်ပယ်စုံမှာအောင်မြင်မှုတွေကြားမှာဘယ်လိုရုန်းကန်ခဲ့ရလဲ၊ ဖိအားအရမိးများလွန်းတဲ့ Super Bowl LIV ဖျော်ဖြေမှုကြီးကနေတစ်ဆင့် J Lo ရဲ့စိတ်နေသဘောထား၊ သူမမျှဝေပေးချင်တဲ့ဘဝသင်ခန်းစာတွေကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။