
Green Street Hooligans 2 (2009)
=========================
2010-2011 ဘောလုံးရာသီမှာ Premier League ကနေ အဆင့် ၂၀နဲ့ West Ham အသင်းဟာ Championship ကို တန်းဆင်းခဲ့ရပါတယ်။ အဲ့ဒီနောက်တစ်ရာသီအကြာမှာ Premier League ကို တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။ 2012-2013 ရာသီကနေ လက်ရှိပြီးဆုံးသွားတဲ့ ရာသီတွေမှာအမြင့်ဆုံး အဆင့် ၇နဲ့သာ ကျေနပ်ခဲ့ရတဲ့ West Ham အသင်းက တစ်ချိန်က ဥရောပရဲ့ ဒုတိယအကြီးဆုံး ပြိုင်ပွဲဖြစ်တဲ့ Europa League Final အထိ 2006-2007 ဘောလုံးရာသီမှာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းဖြစ်တဲ့ Italy က Palermo အသင်းကိုတော့ 0-1 နဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။
ဒီလိုအလယ်အလတ်အသင်းတစ်သင်းမှာလည်း အသင်းကြီးတွေလိုပဲ ခါးသီးတဲ့ ပြိုင်ဘက်အသင်းရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး London မြေကတခြား အသင်းတစ်ခုဖြစ်တဲ့ Millwall အသင်းပါ။ ရှေ့တစ်ကားမှာလည်း Millwall နဲ့ West Ham တို့က ဘယ်လောက်ခါးသီးကြတယ်ဆိုတာတွေ့ကြမှာပါ။ နောက်ဘောလုံးအသင်းတွေနာမည်ကြီးရတဲ့ နောက်ခံဂိုဏ်းတွေအကြောင်းကိုလည်း ရှေ့တစ်ကားမှာ တွင်တွင်ကျယ်ကျယ်ကို ပြသထားပါတယ်။
အခုတစ်ခါမှာတော့ West Ham United အတွက် နောက်ကနေပွဲရှာပေးနေတဲ့ ဂိုဏ်းသားတွေထဲကဖြစ်တဲ့ Dave, Keith နဲ့ Ned တို့က ဒီလိုပွဲရှာရင်းနဲ့ပဲ ထောင်ထဲရောက်သွားခဲ့ရပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ပဲပြောရမလား ရေငတ်တုန်းရေတွင်းကျတယ်လို့ပဲပြောရမလား အမုန်းကြီးမုန်းနေကြတဲ့ Millwall က ဘဲတွေနဲ့ ထောင်ထဲမှထပ်ပြီး ဆုံရပြန်ပါတယ်။ ဒီကားမှာတော့ ရှေ့တစ်ကားလိုဂိုဏ်းတွေအကြောင်းသိပ်မပါပဲနဲ့ ဒီအဖွဲ့သားတွေဖြစ်တဲ့ Dave တို့ သုံးယောက်ရဲ့ ထောင်တွင်းအဖြစ်ပျက်လေးကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
Translated and Review by Bruce
* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
=======================