Gabriel’s Rapture (2020)
” If Love is the Rabbit, the Lust is the Wolf”
“တကယ်လို့ အချစ်ကသာ ယုန်ကလေးဖြစ်မယ်ဆိုရင် တဏှာဆိုတာဟာ မြေခွေးတစ်ကောင်ပါပဲ” ဒီကားလေးမှာအကြိုက်ဆုံးစာသားလေးပါ
ဒီကားလေးကတော့ Romance အမျိုးအစားလေးပါ
သူက တက္ကသိုလ်က ပါမောက္ခ ဂတ်ဘရလ် နဲ့ မာစတာကျောင်းသူလေး ဂျူလီယာတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ
တက္ကသိုလ်မှာက ဆရာနဲ့ကျောင်းသူ ရည်းစားဖြစ်ခွင့် မရှိတဲ့အတွက် သူတို့နှစ်ယောက်က ပေါ်တင်တွဲလို့မရခဲ့ကြပါဘူး
ဂတ်ဘရလ်က တော်တော်Roတဲ့ Type ထဲမှာပါပါတယ် သူကိုယ်တိုင်ဟင်းချက်ကျွေးတယ် အစုံပါပဲ တကယ်Romance ဆန်ပါတယ် သူ့ကြောင့်လဲ ဒီကားက Romance ဖြစ်သွားတာပါ
ဂတ်ဘရလ် က ဂျူလီယာကို တကယ့်အချစ်စစ်နဲ့ ချစ်ခဲ့တာပါ တဏှာမပါပါဘူး
ကိုယ်စိတ်မထိန်းနိုင်လိုက်လို့ပါဆိုပြီး မလုပ်ပါဘူးပါမောက္ခပီပီ ထိန်းစရာရှိတာကို သေချာထိန်းခဲ့ပါတယ်
ဒါပေမယ့် ဒီကားမှာသတိပေးစရာက Sex အသားပေးမဟုတ်တာကြောင့်ဘာမှတော့မပါပေမယ့် Kiss Sence တွေများတာကြောင့် မိသားစုနဲ့ တူတူမကြည့်သင့်ပါဘူး
ဂတ်ဘရယ်အတွက်တော့ ဂျူလီယာက နတ်သမီးပါတဲ့
ဒါပေမယ့် ဘယ်ချစ်သူစုံတွဲမှာမဆို ပြဿနာဆိုတာ တက်ကြစမြဲပါ
ဂတ်ဘရလ် ကလျှို့ဝှက်ချက်များတဲ့သူဖြစ်သလို
ဂျူလီယာမှာကလည်း အတိတ်ဟောင်းမှာပြဿနာရှိခဲ့တာကြောင့် အဲ့တာတွေက သူတို့ကိုအနှောက်အယှက်ပေးနိုင်ဦးမလား…….
ဂတ်ဘရလ်က ဂျူလီယာကို
ဂရုစိုက်နေတဲ့ကြားထဲက ဘယ်လိုပြဿနာတွေ ကြုံရမယ်………
သူတို့နှစ်ယောက်ကြားကိုရော ချစ်သူတို့ ထုံးစံအတိုင်း ကြားလူဝင်လာဦးမလား…………
သူတို့ရဲ့ ကန့်သတ်ထားတဲ့ အချစ်ခရီးကရော ဖြောင့်ဖြူးပါ့မလား ဆိုတာကို စိတ်ကူးယဥ်ဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်
Translated and Review By Pyae Phyoe Mg
Encoded By A Nyo
Quality-Webdl
Genre-Romance
Size-400/900 mb
Imdb-5.4