
G.I. Joe: Retaliation (2013)
==========================
နာမည်ကြီး အရုပ်နဲ့ ဂိမ်းတွေကို ထုတ်လုပ်တဲ့ Hasbro ကုမ္ပဏီရဲ့ G.I. Joe Character လေးတွေက ကလေးတွေကြားထဲမှာတင်မက လူကြီးတွေကြားမှာပါ ရေပန်းစားလာတဲ့အတွက် G.I Joe Film Series အဖြစ် အသွင်ပြောင်းပေးခဲ့ပါတယ်။ ပထမဆုံး Film ကိုတော့ 2009 ခုနှစ်မှာ ချပြနိုင်ခဲ့ပြီး Rating အနေအထား ဘာညာအရ ဂွမ်းခဲ့တယ်ဆိုပေမယ့် အမြတ်ငွေကတော့ တော်တော်လေးကို ရရှိသွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူ့ပရိသတ်နဲ့သူကတော့ အကောင်းကြီးပဲဖြစ်နေခဲ့ပါတယ်။
အဲဒါနဲ့မှ ပထမရုပ်ရှင်ရဲ့ ခြေရာကိုထပ်နင်းဖို့အတွက် 2013 ခုနှစ်မှာ G.I. Joe: Retaliation နာမည်နဲ့ ထွက်ရှိလာခဲ့ပါတယ်။ သူလည်းထိုနည်းလည်းကောင်းပဲ Rating တွေမှာ အကောင်းမရခဲ့ပေမယ့် အမြတ်ငွေကလည်း ၂ ဆ လောက်ကို ရရှိခဲ့ပါသေးတယ်။ Main Actor အနေနဲ့ကတော့ Duke အဖြစ် Chunning Tatum သရုပ်ဆောင်မှာဖြစ်ပြီးတော့ ဒုတိယကားမှာတော့ Dwayne Johnson, Bruce Willis နဲ့ Lee Byung-Hun တို့ပါပါဝင်မှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အသစ်လည်းမဟုတ်တဲ့အတွက် အထွေအထူးမရှင်းပြတော့ဘူး။ G.I. Joe ပရိသတ်တွေဆိုရင်တော့ ကောင်းကောင်းသိကြမှာပါ။ မသိတဲ့သူတွေအတွက်ဆိုရင်တော့ Military Sci-fi နဲ့ Action လောက်ဆိုရင် အဆင်ပြေပါတယ်။ ဆိုတော့ တတိယမြောက်ကားဖြစ်တဲ့ Snake Eyes မလာခင်လေးမှာ ပြန်နွေးလို့ရအောင် တင်ဆက်ပေးထားပါတယ်။
Review by Bruce
Translated by Brian Ku
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework
=======================
Hi