ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၁၉ ဖေဖော်ဝါရီလမှာ ထွက်ရှိထားတဲ့ Fortuna’s Eye ဆိုတဲ့ Romance ဇာတ်ကားလေးပဲဖြစ်ပါတယ် ။
ရှင်းအိချီရို ဆိုတဲ့ကောင်လေးဟာ သူငယ်ငယ်တုန်းက လေယာဥ်ပျက်ကျမှုဖြစ်ပြီး မိဘတွေကိုဆုံးရှုံးခဲ့ရပါတယ် ။ ငယ်ငယ်လေးတည်းက တစ်ကောင်ကြွက်ဖြစ်ခဲ့ရပြီး
သူအလုပ်လုပ်နေတဲ့ ကားပေါလစ်တင်တဲ့လုပ်ငန်းက သူဌေးမိသားစုအပြင် သူ့မှာတခြားမိတ်ဆွေမရှိပါဘူး ။ ထူးခြားတာက သူ့မှာ သေခါနီးလူတွေကို
ကြိုသိနိုင်တဲ့စွမ်းအင်ရှိပါတယ် ။ မကြာခင်သေတော့မယ်လူတွေဆိုရင် သူကဖောက်ထွင်းမြင်ရတာပါ ။
သူ့ရဲ့ဘဝဟာ တစ်သက်လုံးအရောင်မဲ့နေရာကနေ တစ်နေ့မှာတော့ သူ့ရဲ့ဘဝကိုအရောင်စုံလာစေမယ့် ဖုန်းဆိုင်မှာအလုပ်လုပ်တဲ့ အအိုအိခိရုဆိုတဲ့
ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။ ဒီလိုနဲ့ အဲ့ကောင်မလေးကို သူရုတ်တရက်ဖောက်ထွင်းမြင်လိုက်ရတဲ့အခါမှာ ……….. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး ။
Translated & Review by Chuu
Encoded by bg
Quality – Bluray
Size – 910MB / 340MB
IMDB – 6.6
Genres – Fantasy, Romance