
Feels Good Man (2020)
===============
အင်တာနက် Meme တွေကိုသိရင် Pepe the frog (ဖားလေးပပ်ပက်) ကိုလည်း သိကြမယ်ထင်ပါတယ်။ နာမည်ကိုမသိရင်တောင် Meme တွေမှာ ခဏခဏတွေ့ရတဲ့ အစိမ်းရောင်ဖားလေးကို မြင်ဖူးနေကြမှာပါ။ ဒေါ်နယ်ထရန့်မဲဆွယ်ကာလတုန်းကလည်း သူ့ရဲ့ Twitter နဲ့ တခြားသော social media တွေမှာ အစိမ်းရောင်ဖားပုံလေးကို တွေ့ဖူးကြမယ်ထင်ပါတယ်။ Pepe ဟာသနဲ့ သရော်ပုံတွေဟာ meme ၀ဘ်ဆိုက်တွေပေါ်မှာ အတော်ခေတ်ထသွားခဲ့တာပါ။ Pepe ဟာ Meme တွေရဲ့ အထင်ကရအရာတစ်ခုလိုတောင် ဖြစ်လာပါတယ်။ သူ့ရဲ့ အပြောင်းအလဲတွေက တကယ်စိတ်၀င်စားစရာပါ။
ဒီ Feels Good Man ကတော့ အဲဒီဖားကာတွန်းရုပ်လေးအကြောင်း ရိုက်ထားတဲ့ Documentary film ပါ။ သူ့ကိုဖန်တီးခဲ့တဲ့ ကာတွန်းရေးဆရာ Matt Furie ကိုယ်တိုင် ပါ၀င်ထားပါတယ်။ မက်ဖြူရီဟာ အစိမ်းရောင်ဖားလေး Pepe နဲ့ သူ့ရဲ့အပေါင်းအသင်းတွေအကြောင်း ဟာသကာတွန်းလေးတွေရေးခဲ့ပါတယ်။ Pepe ကို အင်တာနက်ပေါ်တင်လိုက်ရာကစလို့ ဇာတ်လမ်းစတာပါ။ အပျော်ဖတ်ကာတွန်းလေးတစ်ခုက ဇာတ်ကောင်တစ်ခုသာဖြစ်တဲ့ ပပ်ပက်ကိုသုံးပြီး 4chan ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခုမှာ meme တွေ ဖန်တီးခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ meme တွေရဲ့ သဘောတရားဟာ ရိုးရိုးဟာသနဲ့ သရော်တာထက်ကို ပိုလာပါတယ်။ လူတွေရဲ့စိတ်ထွက်ပေါက်တစ်ခုလို ဖြစ်လာပါတယ်။
Meme ကို အရမ်းရူးသွပ်လာကြတဲ့ သူတွေဟာအကြမ်းဖက်ကိစ္စတွေကိုပါ Meme လုပ်လာကြပြီး Pepe ကလည်း အသုံးချခံတစ်ခု ဖြစ်လာပါတယ်။ ထရန့်မဲဆွယ်ကာလမှာတော့ နိုင်ငံရေးသမားတွေဟာ Meme တွေကို ရည်ရွယ်ချက်ရှိရှိအသုံးချလာခဲ့ကြပါတယ်။ Pepe က အသုံးချအခံရဆုံးပါပဲ။ နောက်ဆုံး Pepe ဟာ ထရန့်ထောက်ခံသူတွေရဲ့ အသုံးချခံဖြစ်လာရုံမက၊ လူမျိုးရေးခွဲခြားသူ၊ လူဖြူဝါဒကြီးစိုးတဲ့ အစွန်းရောက်ဝါဒီတွေရဲ့ လက်ကိုင်တုတ်လို ဖြစ်လာပြီး အမုန်းပွားစေတဲ့ symbol တစ်ခုအထိ ဖြစ်လာခဲ့ပါတယ်။ ဟာသလုပ်တာတွေလို့သဘောထားပြီး တစ်ချိန်လုံး လက်ပိုက်ကြည့်နေခဲ့တဲ့ မက်ဖြူရီတစ်ယောက် မနေသာတော့ပါဘူး။ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်လေးကို အခုလို hate symbol အဖြစ် မြင်နေကြတဲ့အပေါ် သူပါ၀င်ဖို့လိုလာပါပြီ။ အဲဒီလိုနဲ့ Pepe ကို ကာကွယ်ရေးလုပ်လာရပြီး တရားရင်ဆိုင်တာတွေလည်း လုပ်ခဲ့ရပါတယ်။
ကြည့်လိုက်ရင် ရိုးရိုးလေးပေမဲ့ Pepe ရဲ့ ပြောင်းလဲမှုက တကယ်ကိုဆန်းကြယ်ပါတယ်။ လူ့ဘ၀လိုရှုပ်ထွေးပွေလီခဲ့ပါတယ်။ လူတွေရဲ့ အသုံးချခံ၊ အမုန်းခံဘ၀ကနေ မနည်းရုန်းထွက်ခဲ့ရပါတယ်။ Feels Good Man ဟာ ကာတွန်းဇာတ်ကောင်တစ်ခုရဲ့ Documentary ဖြစ်ပေမဲ့ တကယ်ကို စိတ်၀င်စားစရာကောင်းပြီး ဗဟုသုတတွေအများကြီးရသလို သင်ခန်းစာယူစရာတွေလည်း ပါ၀င်နေပါတယ်။
Translated and Review by Cherry
Encoded by Noah
Quality – Webrip
Size – 1GB / 360MB
IMDB – 7.6
Genres – Documentary
Run Time – 1 Hr 32 mins