
Fantastic Beast: The Secrets of Dumbledore (2022)
Potterhead တွေနဲ့ မှော်ရုပ်ရှင်ချစ်သူတိုမျှော်လင့်စောင့်စားနေကြတဲ့ Fantastic Beast
3 ကို တင်ဆက်ပေးလိုက်ပါပြီနော်။ official ထွက်လာတဲ့ digital release မဟုတ်သေးပေမဲ့ အတော်ကြည်ပါတယ်။
The Secrets of Dumbledore ဆိုတဲ့အတိုင်း ဟယ်ရီပေါ်တာတိုရဲ့ ကျောင်းအုပ်ဆရာကြီး ဒမ်ဘယ်လ်ဒိုးရဲ့လူလတ်ပိုင်းဘ၀နဲ့ လျှိဝှက်ချက်တွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Fantastic Beast ဇာတ်လမ်းတွေဟာ ဟယ်ရီပေါ်တာတိုမမွေးခင်ခေတ်ကို အခြေတည်ထားတာပါ။
မှော်နက်သခင်ကြီးဗိုလ်ဒီမော့မတိုင်ခင်က ဂဲလာ့ထ်ဂရင်းဒီဝေါဟာ မှော်လောကကြီးကိုအုပ်စိုးခြယ်လှယ်ဖိုကြိုးစားခဲ့ဖူးပါတယ်။ သူ့ကိုယှဉ်နိုင်သူဟာလည်း ဒမ်ဘယ်လ်ဒေါတစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ သူတိုနှစ်ယောက်ဟာ အချင်းချင်းတိုက်ခိုက်လိုမရပါဘူး။ အကြောင်းကတော့ သူတိုနှစ်ဦးဟာ တစ်ချိန်က ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို အတူစိတ်ကူးယဉ်ခဲ့ကြဖူးတဲ့ လူငယ်လေးနှစ်ဦးဖြစ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်မရအောင် နှောင်ဖွဲထားတဲ့ကျိန်စာကြောင့်ပါပဲ။
အဲဒါကြောင့် လူလတ်ပိုင်းအရွယ်မှာစိတ်ပြောင်းသွားတဲ့ ဒမ်ဘယ်လ်ဒိုးတစ်ယောက် ဂရင်းဒဲလ်ဝေါကိုရင်ဆိုင်ဖို နည်းလမ်းရှာရပါတော့တယ်။ အဲဒီအခါမှာ သူ့ကိုကူညီဖိုအသင့်ရှိနေတာက (Fantastic Beast ရဲ့ဇာတ်လိုက်ကျော်) မှော်သတ္တဝါကျွမ်းကျင်ပညာရှင် နျူ့စက္ကမန်ဒါပါပဲ။
နျူ့ဟာ သူ့အစ်ကိုသီးဆီးယပ်စ်အပါအ၀င် မှော်ဆရာနဲ့မှော်ဆရာမတချိုကို ဦးဆောင်စုစည်းပြီး
ဒမ်ဘယ်လ်ဒိုးရဲ့လမ်းညွှန်မှုနဲ့ ဂရင်းဒဲလ်ဝေါကို ရင်ဆိုင်ဖိုပြင်ဆင်ပါတော့တယ်။
နျူ့တိုအဖွဲနဲ့ ဂရင်းဒဲလ်ဝေါရဲ့မှော််နက်အဖွဲတိုရင်ဆိုင်ရာမှာ ဘာတွေကြုံတွေ့ရမလဲ၊ အရင် Fantastic Beast 2 တုန်းက သူ့ဘ၀အမှန်ကိုသိသွားတဲ့ ခရီးဒန့်စ်ကရော ဘယ်လိုအခန်းကဏ္ဍက ပါ၀င်မလဲ၊ ဘယ်သူတွေက ဘယ်လိုကံကြမ္မာကိုရင်ဆိုင်ကြရမလဲဆို စိတ်၀င်စားစရာကြည့်ကြရမှာပါ။
Harry Potter ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာမ J.K. Rolling ရဲ့ လက်ရာပဲမို Harry Potter ချစ်သူတွေနဲ့ မှော်ရုပ်ရှင်ပရိသတ်တိုင်း လက်မလွတ်တမ်းကြည့်ထားသင့်ပါတယ်။
Review by C’mon
Translated by C’mon,Keith,Sarah&MaryChrist
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 525 MB | |
Megaup HD 720p | Myanmar | 1.2 GB | |
Megaup FHD 1080p | Myanmar | 2 GB | |
Mega SD 480p | Myanmar | 525 MB | |
Mega HD 720p | Myanmar | 1.2 GB | |
Mega FHD 1080p | Myanmar | 2 GB | |
G Drive SD 480p | Myanmar | 525 MB | |
G Drive HD 720p | Myanmar | 1.2 GB | |
G Drive FHD 1080p | Myanmar | 2 GB |