What's happening?

Video Sources 7316 Views Report Error

  • Watch traileryoutube.com
Eternal Sunshine of the Spotless Mind

Eternal Sunshine of the Spotless Mind

You can erase someone from your mind. Getting them out of your heart is another story.Mar. 19, 2004USA108 Min.R
Your rating: 0
9.5 2 votes

Synopsis

ကိုယ် သိပ်ချစ်ရတဲ့သူတစ်ယောက်ကို ဘဝထဲကနေ အပြီးအပိုင် ဆွဲထုတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးလား?

တစ်ချိန်တုန်းက Joel ဆိုတဲ့ လူတစ်ယောက်ဟာ သူ သေအောင် ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ဘဝထဲကနေ လုံးဝ ဖျောက်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်လို ကြိုးစားလဲဆိုတော့ . . ဦးနှောက်ထဲက သူ့ချစ်သူနဲ့ ပတ်သက်သမျှ မှတ်ဥာဏ်တွေ အားလုံးကို ကွန်ပျူတာနဲ့ ဖျောက်ပစ်ဖို့ လုပ်တာပါ။

ဌာနတစ်ခုရှိတယ်။ အဲ့ဒီဌာနက မှတ်ဥာဏ်တွေကို လုံးဝ အလုံးစုံ ဖျောက်ပစ်ပေးတယ်။ ကိုယ် ဘယ်လောက် စွဲလန်း စွဲလန်း . . လုံးဝ မေ့သွားတဲ့ထိ လုပ်ပေးတယ်။ သူတို့ ဆေးခန်းကို ဆက်သွယ်လိုက်ပြီဆိုရင် ည ရောက်တာနဲ့ ခင်ဗျားတို့ အိမ်ထိလာပြီး တစ်ညလုံး ကွန်ပျူတာတစ်လုံးနဲ့ သူတို့တွေ အလုပ်ရှုပ်ကြမယ်။ ခင်ဗျားဦးနှောက်နဲ့ ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို computerize လုပ်ပြီး တဖြည်းဖြည်းချင်း ဖျောက်ပစ်နေကြတာ။ နောက်နေ့ မိုးလင်းတာနဲ့ ခင်ဗျားကိုယ်ခင်ဗျား ဘာဖြစ်ခဲ့တယ်ဆိုတာတောင် သိတော့မှာ မဟုတ်ဘူး။

Joel ဆိုတဲ့ သူက ဘာဖြစ်လို့ သူ သေအောင် ချစ်တဲ့ အမျိုးသမီးကို ဦးနှောက်ထဲကနေ ဖျောက်ပစ်ဖို့ ကြိုးစားတာလဲ? ဘာလို့လဲဆိုတော့ အဲ့ဒီ အမျိုးသမီးက Joel နဲ့ပတ်သက်သမျှ မှတ်ဥာဏ်အားလုံးကို အရင်ဆုံး ဖျောက်ပစ်ခဲ့လိုပါ။ ဒါကို Joel က သိသွားတဲ့အခါမှာ ဒင်းတောင် င့ါကို မေ့ပစ်တာ။ ငါလည်း ဘာလို့ ဒင်းကို စွဲလမ်းနေဦးမှာလဲ . . လို့ ကြုံးဝါးပြီး မှတ်ဥာဏ်ဖျောက်ပေးတဲ့ ဌာနကို ဆက်သွယ်တယ်။

ဒါပေမယ့် ပြသနာတစ်ခု တက်ခဲ့တယ်။ အဲ့ဒီ ပြသနာက . . Joel ရဲ့ မှတ်ဥာဏ်တွေကို လွယ်လွယ်နဲ့ ဖျောက်လို့ မရတဲ့ ပြသနာပဲ။ အဲ့ဒီပြသနာကို သူတို့ တစ်ခါမှ မကြုံဖူးခဲ့ဘူး။

————————————————
Eternal Sunshine of Spotless Mind

A review by Min Thu Kyaw

IMDB – 8.3/10
Rotten Tomatoes – 93%
MKW – 5/5

——————————————————–
တစ်ကယ့် အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အပြင်မှာ ဖြစ်ခဲ့သလိုကို ယုံချင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
ဒီကားရဲ့ အဓိက သရုပ်ဆောင် နှစ်ယောက်က Jim Carrey နဲ့ Kate Winslet ပါ။

Kate Winslet ကို အားလုံး သိပြီးသားပါ။ မြန်မာပြည်မှာ နာမည်အကြီးဆုံး မင်းသမီးလို့တောင် ပြောလို့ရတယ်။ Titanic ရုပ်ရှင်နဲ့ အရမ်း နာမည်ကြီးခဲ့တယ်။ ကျွန်တော့်အဖို့တော့ Kate ဟာ ဒီကားမှာ Titanic ထက် အဆပေါင်းများစွာ ပိုကောင်းခဲ့တယ်။

တစ်ခါမှ မဆုံဖူးတဲ့ လူတစ်ယောက်ရဲ့ ထမင်းပန်းကန်ထဲက ကြက်ပေါင်ကြော်ကို ခွင့်တောင် မတောင်းပဲ ခပ်တည်တည်နှိုက်စားရဲတဲ့ အမျိုးသမီး . .
ဒီနေ့မှ တွေ့တယ် . . ဒီနေ့ ချက်ချင်း လက်ထပ်ချင်တယ်ဆိုပြီး (စတာ နောက်တာမဟုတ်) အတည် ပြောရဲတဲ့ အမျိုးသမီး . .
ဆံပင်အရောင်ကို ရောင်စုံဆိုးတဲ့ အမျိုးသမီး . .
စိတ်ဂဏာမငြိမ်လွန်းတဲ့ စွာတေးလန် အမျိုးသမီး . .
ပွင့်လင်းလွန်း ရဲတင်းလွန်း အငြိမ်မနေနိုင်လွန်းတဲ့ အမျိုးသမီး . .
Kate ကို အဲ့ဒီ character မျိုးနဲ့ ဒီကားမှာ မြင်ရမှာပါ။ သူ့နာမည်က Clementine တဲ့။

Jim Carrey ကိုလည်း အားလုံး သိကြမှာပါ။ ဟာသကားတွေ ရိုက်တယ်။ ရယ်ရတယ်။ The Mask မင်းသား။ စသည်ဖြင့် ဒီမှာ ပြောကြတယ်။ တကယ်လည်း သူဟာ comedy film တွေ အများကြီး ရိုက်ပါတယ်။ Drama ရိုက်တာ နည်းတယ်။
ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ Jim ဟာ သူ့ဘဝရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုကို ဖန်တီးပြခဲ့တယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေဟာ Eternal Sunshine of Spotless Mind ထဲမှာ Joel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jim ဟာ တစ်ခါမှ ဒီလောက် မကောင်းခဲ့ဖူးဘူး လို့ ချီးကျူးကြတယ်။
တစ်ချိန်လုံး ငိုင်တိုင်တိုင်နဲ့ အလိုမကျဖြစ်နေတဲ့ အမျိုးသား . .
အရာရာကို မကြည်မလင် ကြည့်မြင်တတ်တဲ့ အမျိုးသား . .
ချစ်သူရဲ့ ဂဏာမငြိမ် အာရုံနောက်မှုတွေကို စိတ်ညစ်နေပေမယ့် ချစ်သူကို သိပ်ချစ်တဲ့ အမျိုးသား . .
Jim ကို အဲ့ဒီ character မျိုးနဲ့ ဒီကားမှာ မြင်ရမှာပါ။
ဒါပေမယ့် တကယ်တန်းကျတော့ Jim ဟာ အဲ့ဒီထက် ပိုခဲ့တယ်။

ဒီကားရဲ့ အကောင်းဆုံးအခန်းတွေက Joel (Jim) ရဲ့ မှတ်ဥာဏ်တွေ ဖျောက်နေတဲ့ အခန်းတွေပါ။ Joel က သူ့ အိပ်မက်ထဲမှာ Kate Winslet တစ်ဖြစ်လဲ Clementine လက်ကို ဆွဲပြီး ထွက်ပြေးနေတာ။ Joel က သူ ဒီ မှတ်ဥာဏ်ဖျောက်နေတာကြီးကို ရပ်ပစ်ချင်တယ်လို့ အကျယ်ကြီး အော်တယ်။ ဒါပေမယ့် သူအော်နေတာ အိပ်မက်ထဲမှာ ဖြစ်နေတယ်။ တကယ့်အပြင်က Joel က စက်ကိရိယာတွေ ခေါင်းမှာ တပ်ပြီး အိပ်ပျော်နေတာ။ သူ့ ဘေးမှာ မှတ်ဥာဏ်ဖျောက်တဲ့သူတွေ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေကြတယ်။ ကျွန်တော်တို့ အိပ်မက်တွေ မက်ရင် အဲ့လို ဖြစ်ဖူးကြမှာပါ။ တကယ့် အပြင်မှာ ဖြစ်ချင်နေပေမယ့် အိပ်မက်ထဲမှာပဲ ဖြစ်နေတာမျိုး။

နောက်ဆုံး Clementine ကို ဖျောက်ပစ်လို့ မရအောင်ဆိုပြီး ငယ်ဘဝက မှတ်ဥာဏ်ထဲဝင်ပုန်းလိုက် ဟိုထဲဝင်ပုန်းလိုက်နဲ့ Joel ဟာ သူ့ အိပ်မက်ထဲမှာ Clementine ကို ရ အောင် ကယ်ထုတ်နေပါတယ်။ Clementine ကို သူ့ ဦးခေါင်းထဲက မပျောက်ပျက်သွားအောင် သူ တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားနေတယ်။ သူတတ်နိုင်တာ ဒါပဲလေ။ စိတ်နာလွန်းလို့ မေ့ပစ်ချင်ပေမယ့် ချစ်လွန်းလို့ မမေ့နိုင်ခဲ့ပါဘူး။

ဒီကားရဲ့ နှလုံးသားဖြစ်တဲ့ Joel ရဲ့ character ကို Jim Carrey တစ်ယောက် အကောင်းဆုံး သရုပ်ဖော်နိုင်ခဲ့တယ်။
ကျွန်တော် ဒီကား တစ်ကားလုံးကို ဖင်ပြန်ခေါင်းပြန် ကြိုက်တယ်။ ဒါပေမယ့် အကြိုက်ဆုံး အချက် နှစ်ချက်က သရုပ်ဆောင်များ နဲ့ ဇာတ်ညွှန်းပါ။

ဇတ်ညွှန်းရေးသားသူက Charlie Kaufman တဲ့။ သူက Adaption တို့ Being John Malkovich တို့လို ဇာတ်လမ်းမျိုးတွေ ရေးခဲ့ဖူးတယ်။ ခု ဒီကားနဲ့ ခပ်ဆင်ဆင်ပဲ။ အကုန်လုံးက အိပ်မက်ဆန်တယ်။ စိတ်ကူးယဉ်တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ကူးယဉ်မှုဟာ အရမ်းလှပြီး အရမ်းလက်တွေ့ကျတယ်။ ရင်ထဲမှာ တစ်ဆစ်ဆစ်ဖြစ်နေအောင် လုပ်ပေးနိုင်တယ်။ Eternal Sunshine ရဲ့ ဇာတ်ညွှန်းကလည်း နာကြင်မှုတွေ လှပမှုတွေ နဲ့ ပြည့်နက်နေတယ်။ ဒီကားမှာ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ရယ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီ ရယ်စရာတွေက ကျွန်တော်တို့ အသဲကို ခွဲတဲ့ နာကျင်စရာတွေ ဖြစ်လာတယ်။ ကြုံဖူးကြမှာပါ။ ဆေးရုံမှာ အသက် အန္တရာယ်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်က ဟာသ ပြောနေသလိုမျိုး။ သူပြောတဲ့ အကြောင်းအရာက ရယ်ရကောင်း ရယ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကေ…………..

Translated by Klaris
Encoded by Ar Ker Lin(14)

I M DB – 8.3
Quality – Blu Ray
Size – 870MB / 316MB
Genres – Drama Romance Sci-fi

Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Eternal Sunshine of the Spotless Mind
Original title Eternal Sunshine of the Spotless Mind
IMDb Rating 8.3 879,516 votes
TMDb Rating 8.1 7,453 votes

Director

Cast

Jim Carrey isJoel Barish
Joel Barish
Kate Winslet isClementine Kruczynski
Clementine Kruczynski
Kirsten Dunst isMary Svevo
Mary Svevo
Mark Ruffalo isStan Fink
Stan Fink
Tom Wilkinson isDr. Howard Mierzwiak
Dr. Howard Mierzwiak
Jane Adams isCarrie Eakin
Carrie Eakin
David Cross isRob Eakin
Rob Eakin

Similar titles

Terminator: Dark Fate
We Have Always Lived in the Castle
Puss in Boots
Girl in the Bunker
Elektra (2005)
Top Gun: Maverick
World Trade Center
Brochevarevaru Ra
Jojo Rabbit
Sleep Call
After Everything
Mamma Mia! Here We Go Again