
ကဲ ၂၀၂၀ ကထွက်ခဲ့တဲ့ Enola Holmes ကတော့ sequel အနေနဲ့ Enola Holmes -2 ထွက်လာခဲ့ပါပြီ …အမေပျောက်ရှာရင်း လမ်းကြုံ ထွက်ပြေးလာတဲ့ သခင်လေးကို ကူညီပြီးအမှု ရှင်းပေးခဲ့တဲ့ Enola တစ်ယောက် သူ့ Passion အတိုင်းလိုက်ပြီး ဒီကားမှာတော့ အေဂျင်စီဖွင့်နိုင်ခဲ့ပါပြီ…ဒါပေမယ့်လဲ ရှားလော့ဒ်ကြီးခေတ်ဖြစ်နေတော့ကာ သူ့အေဂျင်စီလေးက ဖုန်နဲ့ကြွက်ကလွဲ လူမရှိခဲ့ပါဘူး…တံခါးပိတ်အိမ်ပြန် အခြေနေရောက်ခါမှ နောက်ဆုံးသော ကောက်ရိုးမျှင်လေးအနေနဲ့ အမှုတစ်ခုရလာခဲ့ပါတယ်…အဲ့တာကတော့ လူပျောက်ရှာပေးဖို့ပါ…မီးခြစ်ဆံအလုပ်ရုံမှာလုပ်ပြီး သွေးမတော်သားမစပ်အစ်မပျောက်ရှာပေးဖို့ လာပြောတဲ့ ညီမဖြစ်သူ ကျေးဇူးနဲ့ Enola တစ်ယောက် ဒုတိယမြောက်သော ပထမဆုံးအမှုလေးရပြီး လိုက်ခဲ့ပေမယ့် အခြေနေက ထင်ထားတာထက်ပိုရှုပ်ပြီး ပိုနက်နဲတဲ့အမှုဖြစ်နေတဲ့အခါ…ဒီတပိုင်းမှာတော့ ဇတ်ဇတ်ကြဲ Enola လေးရဲ့ loveline လေးလဲ ပါလာဦးမှာဆိုတော့ …ခုထိ IMDb 6.5/10, Rotten tomatoes 93% ရထားတဲ့ ENOLA HOLMES -2 လေးကို GC က Translator အချောလေးတွေ ဘာသာပြန်ပေးထားပြီမို့ ကြည့်လိုက်ကြပါဦးနော်….
Reviewed by DoHsuHsu
Translated by DoHsuHsu, Drunk, Lunatic, MayLin, YamohnAye, ThainMwae
Encoded by CuKar
Small Size တင်ပေးပါ