What's happening?

Video Sources 6947 Views Report Error

  • Watch traileryoutube.com
Emergency Declaration

Emergency Declaration

korea2hr21min Min.
Your rating: 0
10 1 vote

Synopsis

အကြမ်းဖက်တိုက်ခိုက်မှုတွေထဲက ဇီဝလက်နက်အသုံးပြုခြင်းမျိုးက ကြည့်ရှုသူတွေကိုပိုပြီးစိတ်တုန်လှုပ်ခြောက်ခြားစေတဲ့ အရာမျိုး။ ဒီထဲကမှ နေရာက အမြင့်ပေ‌ပေါင်းအမြင့်ကြီးမှာပျံဝဲနေတဲ့ အလုံပိတ်လေယာဉ်ကြီး။ စတည်းက စိတ်လှုပ်ရှားမှုတွေနဲ့ ဇာတ်ရှိန်မြင့်လာလေ တုန်လှုပ်ခြောက်ခြားမွန်းကျပ်မှုတွေနဲ့ တစ်ချက်မှမအီသွားဘဲကြည့်နိုင်မယ့် emergency declaration;
အရူးတကာ့အရူးထဲမှာ ဉာဏ်ကောင်းတဲ့အရူးက ပိုသာမလားတော့မသိပေမယ့် ပတ်ဝန်းကျင်ကလျစ်လျူရှုခံလိုက်ရတဲ့ စိတ်ဝေဒနာသည်က ဉာဏ်ကောင်းတဲ့သူဆိုရင်တော့ လူ၅၀၀လောက်ကို စိတ်ဒုက္ခကောင်းကောင်းပေးနိုင်စွမ်းတော့ရှိတယ်။
လေယာဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုလုပ်မယ်လို ကြိုတင်ကြေညာတဲ့ဗီဒီယိုတင်ပြီးပြင်ဆင်လာတဲ့ Jin seok (Siwan)၊ လေဆိပ်ကိုရောက်တာတောင် ဘယ်လေယာဉ်လူအများဆုံးလိုက်ပါလာမလဲလိုက်မေးနေသေးတာ၊ စိတ်ကဘယ်လောက်ထိဆုံးဖြတ်ချက်ချထားလဲဆို သူသေကိုယ်သေအဆုံးထိသွားမယ့်သူမျိုး၊ ဗိုင်းရပ်စ်ကို အမှုန့်အနေနဲ့လွှတ်ထုတ်ဖိုပြင်လာတဲ့ capsule ကို လေယာဉ်ပေါ်သယ်နိုင်ဖိုတောင် ဂျိုင်းကိုခွဲထည့် အပ်ပြန်ချုပ်ပြီး မျက်နှာတစ်ချက်မပျက်အစိမ်းလိုက်ထည့်နိုင်လောက်အောင် ရူးတဲ့သူ။ သူခွဲပြီးထည့်နေတာကို မြင်လိုက်တာက Soo min ဆိုတဲ့ကလေးမလေး။ ဒီတော့ကာ Jin seok ရဲ့ဦးတည်ရာက Soo min လိုက်ပါမယ့်လေယာဉ်ဖြစ်သွားတော့တယ်။ ဟာဝိုင်အီကိုသွားမယ့်လေယာဉ်တစ်စီး လူ၁၅၀တင်ဆောင်လာမယ့် အပန်းဖြေခရီးလေးကတော့ ဘယ်လိုအန္တရာယ်နဲ့ကြုံတွေ့ရမလဲ မသိနိုင်ကြသေးဘူးပေ့ါ။
ဗီဒီယိုနောက်ပြောင်တာလိုထင်ထားပေမယ့် မသင်္ကာလို လိုက်စုံစမ်းတဲ့ In ho ကတော့ Jin seok တိုက်ခန်းထဲမှာ လူသေအလောင်းကြီးတွေ့လိုက်ရတဲ့အခါ ဘေးကတိပ်ခွေတွေကိုဖွင့်ကြည့်တဲ့အခါ ဗိုင်းရပ်စ်ပိုးစမ်းသပ်ထားမှုကိုတွေ့လိုက်ရတဲ့အခါ ဒီကိစ္စကြီးတစ်ခုလုံးက နိုင်ငံ့အရေးပိုင်ကြီးဖြစ်သွားပါတော့တယ်။
Jin seok ကရော တစ်စီးလုံးအကုန်သတ်ပစ်မယ်ဆိုတဲ့အကြံအောင်မြင်နိုင်မလား။
ဒုက္ခပေါင်းများစွာရောက်နေတဲ့ ဒီလေယာဉ်ကရော ဆင်းသက်နိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ်။

Reviewed by Phyo
Translated by Phyo,Elsa,Anna,Chu
Original title Bisang seoneon

Director

Director

Cast

Similar titles

Into the Ashes (2019)
Gutterbug
Legend (2015)
Old (2021)
Killerman (2019)
May-December-January
Emancipation
Jo & Jo
Night Drive
Freaks
Talk to Me
Daaka (2019)

(1) comment

  • ZYASeptember 14, 2022Reply

    i need decryption key For Mega Download Link . . .

Leave a comment

Name *
Add a display name
Email *
Your email address will not be published