
Downton Abbeyလိုပြောတာနဲ့ IMDb 8.7နဲ့ ဆုပေါင်း ၅၀ ကျော်ကိုသိမ်းပိုက်သွားတဲ့ ဇာတ်လမ်းတွဲတစ်ခုကို ပြေးမြင်မိမှာပါပဲ။ တော်ဝင်မျိုးနွယ်တွေနဲ့ သူတိုအချင်းချင်းကြားက ဇာတ်လမ်းအရှုပ်အထွေးမျိုးစုံအပါအဝင် အစေခံနဲ့သခင်တွေကြားက ဆက်ဆံရေးကို ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းလေးက အတိုချုံးပြောရမယ်ဆိုရင် ဗြိတိန်နန်းတွင်းကားလေးပါပဲ😜။ ၂၀၁၉ မှာ movieတစ်ခုထွက်ရှိထားပြီး အခုတင်ဆက်ပေးမှာကတော့ 2019 ရုပ်ရှင်ရဲ့sequelဖြစ်တဲ့ Downton Abbey: a new eraပါ။
Downton Abbey 2019မှာ အချစ်ပန်းလေးတွေ စတင်ဖူးပွင့်ခဲ့ကြတဲ့ Tomနဲ့Lucyတိုကလည်း မြားနတ်မောင်Violetအစွမ်းနဲ့ အကြင်လင်မယားဘဝကို ရောက်နေကြပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ Crawleyမိသားစုကြီးနဲ့ မသက်ဆိုင်တဲ့ မိုမရာလ်ရဲ့မြိုစားရဲ့သေတမ်းစာနဲ့အတူ နေရင်းထိုင်ရင်း Violetတစ်ယောက် အပန်းဖြေစံအိမ်ရလိုက်ပါတော့တယ်။ ဒါကို မိုမရာလ်မြိုစားကတော်က မကျေနပ်လိုဖြေရှင်းချက်တောင်းရာကနေ ပေါ်ပေါက်လာတဲ့ Violetရဲ့ဇာတ်ရှုပ်၊ Maudကိုတော့ Lucyကသူ့သမီးဖြစ်ကြောင်း ဝန်ခံခိုင်းခဲ့တဲ့Violetက သူကိုယ်တိုင် မိုမရာလ်မြိုစားနဲ့ One week standခဲ့တဲ့အဖြစ်တွေ ပေါ်လာတဲ့အခါမှာတော့ ရောဘတ်တစ်ယောက်လည်း အဘိုးအရွယ်ရောက်ခါမှ အဖေပျောက်တဲ့အဖြစ်၊ အမွေမခွဲပေးချင်တဲ့လူတွေကတစ်ဖက်နဲ့ ကြားထဲက Tomရဲ့သမီးSybieကတော့ အပန်းဖြေစံအိမ်ရဲ့ အမွေစားအမွေခံဖြစ်သွားပါသတဲ့။ ဒီကြားထဲက ဘုရင်နဲ့ဘုရင်မအလည်လာသွားတဲ့အိမ်ဆိုပြီး ရုပ်ရှင်အဖွဲကပါ ရုပ်ရှင်လာရိုက်တဲ့အခါ…
Violetတစ်ယောက် သူ့ရဲ့တစ်ချိန်ကဇာတ်ရှုပ်ကို ဘယ်လိုဖြေရှင်းမလဲ။ ရောဘတ်အဖေကရော ဘယ်သူဖြစ်မလဲ။ Barrowနဲ့Ellisကြားထဲကို တတိယလူဝင်ရောက်လာချိန်မှာ သူတိုရောဆက်လက်အဆင်ပြေနိုင်ပါ့မလား။ ရောက်လာတဲ့ရုပ်ရှင်အဖွဲသားတွေနဲ့ Downtonဝန်ထမ်းတွေ သခင်တွေသခင်မတွေကြားမှာ ဘယ်လိုဆက်ဆံရေးအသစ်အသစ်တွေ ပေါက်ဖွားလာမလဲဆိုတာကိုတော့ ဒီDownton Abbey: a new eraမှာကြည့်ရှုခံစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါစို။
Reviewed by Marychrist
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link >https://play.google.com/store/apps/details?id=com.mm.gcmovies