
Doors (2021)
===========
မနက်ဖြန်ဆိုတာကို ဘာမှန်းမသိသေးတဲ့ အခုလိုအချိန်မှာ သဘာဝလွန်သိပ္ပံဖြစ်ရပ်တွေနဲ့ ပတ်သက်လာရင် ပိုပြီးသိနိုင်ချေနည်းပါတယ်။ တကယ်လို့ ကျွန်တော်တို့ အခုလိုအချိန်မှာ သဘာဝလွန် သိပ္ပံဖြစ်ရပ်ဆန်းတွေနဲ့ ပတ်သက်တဲ့အရာတွေ ရုတ်တရက်ပေါ်ထွက်လာရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ မသိကျွမ်းတဲ့နယ်ပယ်ထဲကို သိချင်စိတ်တစ်ခုတည်းနဲ့ ခြေစုံပစ်ဝင်ပြီး စူးစမ်းမလား။ ဒါမှမဟုတ် အန္တရာယ်ကင်းရင်ပြီးရောဆိုပြီး ခပ်ဝေးဝေးမှာနေကျမလား။ တစ်ချက်လောက်စဥ်းစားကြည့်ကြတာပေါ့။
လက်ရှိအချိန်မှာပဲ ကမ္ဘာအနှံ့အပြားမှာ သဘာဝလွန်သိပ္ပံပစ္စည်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ထုံးစံအတိုင်း အမည်ပေးကမ္ပန်းတပ်လိုက်ကြတယ်။ တံခါးများပါတဲ့။ ထူးဆန်းလိုက်တဲ့ နာမည်။ တံခါးကတော့ အိမ်မှာလည်းရှိတာပဲလေ။ ဘာစိတ်ကူးနဲ့ပေးလဲဆိုတာကတော့ သိပ္ပံပညာရှင်တွေပဲသိပါလိမ့်မယ်။ ကျွန်တော်တို့ သိတာကတော့ ဒီတံခါးလို့ခေါ်တဲ့ သဘာဝလွန်သိပ္ပံပစ္စည်းတွေက တံခါးတစ်ပေါက်လိုလုပ်ပေးနိုင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ ဒီပစ္စည်းရဲ့အထဲကိုဝင်လိုက်ရင် နောက်တစ်နေရာကိုရောက်သွားတာမျိုးပေါ့။ ဒါကြောင့် တံခါးများလို့ခေါ်ကြတာဖြစ်ပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ တံခါးတွေအကြောင်းကို သိလောက်ပြီထင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ဆိုရင် ဘယ်လိုပြုမူကြမလဲ။ ဒီကားထဲက ဇာတ်ကောင်တွေကရော ဘယ်လိုပြုမူကြမလဲ။ တကယ်ဖြစ်လာခဲ့ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကတော့ Sci-fi သမားတွေ စိတ်ကူးယဥ်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါပဲ။
Translated and Review by Aung Htoo Khaing
Encoded by Noah
Quality – Webrip
Size – 960MB / 300MB
IMDB – 3.4
Genres – Sci-fi
Run Time – 1 Hr 21 mins
to
GC Admin group
Can you please upload “Adan” phillipine lesbian movie at your website????