9 (2009)
ဒီ animation လေးကတော့ ကျွန်တော်ရဲ့အကြိုက်ဆုံးကားလို့လည်းပြောရင်ရနိုင်မယ့် animation လေးပါ။
စိတ်ကူးစိတ်သမ်းတွေ တီတွင်ကြံဆမှုတွေ ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်လမ်းလေးကို လျို့လျို့ဝှက်ဝှက်လေးဖြစ်အောင်တင်ဆက်ပုံတွေဟာ အရမ်းကိုကောင်းလွန်းလို့ animationတစ်ခုနဲ့မတူပဲ Live action ကြည့်နေရသလိုထင်ခဲ့ရပါတယ်။
ဇာတ်ကားလေးကတော့
===============
ကမ္ဘာကြီးပျက်စီးပြီးကာလ 9 လို့ခေါ်တဲ့စက်ရုပ်လေးတစ်ရုပ်ဟာ နောက်ဆုံးအကြိမ်မှ နိုးထလာသော mini bot လေးတစ်ကောင်ပါ။
ထိုသို့ စက်ရုပ်လေး 9 ဟာသူတို့မှာ ရည်ရွယ်ချက်တစ်ခုနဲ့ ရှင်သန်နေတာဖြစ်ပြီး သူတို့ ရည်ရွယ်ချက်ဟာဘာလဲဆိုတာကိုလိုက်လံစုံစမ်းမှာဖြစ်ပါတယ်
ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တစ်ဦးဟာ စစ်ဖက်သုံးများအတွက် စက်ရုပ်များကို တီထွင်ပေးပြီးတော့ ထိုစက်ရုပ်တွေကပဲဖောက်လွဲဖောက်ပြန်ဖြစ်တာ ကမ္ဘာပျက်ကိန်းအထိဖြစ်သွားခဲ့ပါတယ်။
ထိုပညာရှင်ကပဲ သူ့စက်ရုပ်တွေကြောင့်ပျက်စီးသွားတဲ့ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်ကိုယ်ပိုင်နံပါတ်တွေပါတဲ့ စက်ရုပ်လေးတွေကိုပြန်လည် တီထွင်ခဲ့ပါတယ်။
ထိုစက်ရုပ်ကလေးတွေဟာ ကမ္ဘာကြီးကိုကယ်တက်နိုင်ပါ့မလား…
9ဆိုတဲ့ စက်ရုပ်ကလေးရဲ့အခန်းကဏ္ဍကရောဘာဖြစ်မလဲဆိုတာ…..