
Concrete Cowboy (2020)
==========================
ခေတ်တွေပြောင်းလို့ အသစ်အသစ်တွေပေါ်လာတာက ကောင်းတာလည်းရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ ပြောင်းလဲလိုက်ရတဲ့အထဲမှာ ကျွန်တော်တို့ တန်ဖိုးထားရတဲ့အရာတွေလည်း ပါသွားနိုင်ပါတယ်။ မတော်လို့ရှိရင် ကျွန်တော်တို့ တန်ဖိုးထားရတဲ့အရာတွေက ကွယ်တောင်ပျောက်သွားနိုင်ပါသေးတယ်။
သားဆိုးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အမေတစ်ယောက်ဟာ အမြဲလိုလိုကျောင်းမှာလိုက်တောင်းပန်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ အမြဲလိုလိုရန်ဖြစ်ပြီး ကျောင်းလိုက်လိုက်နေရတော့ အမေဖြစ်သူက သူ့သားကို ကွဲကွာနေတဲ့ခင်ပွန်းဆီပို့ဖို့လုပ်ပါတော့တယ်။ သားဖြစ်သူကလည်း ကိုယ်နဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်ကို စွန့်ခွာပြီး အစိမ်းသက်သက်ဖြစ်နေတဲ့ အဖေ့ဆီမှာ သွားမနေချင်ရှာပါဘူး။ မတတ်သာတဲ့အဆုံးနေလိုက်ရတဲ့အချိန်မှာတော့ သူနေခဲ့ရတဲ့ဘဝနဲ့ အရမ်းကိုခြားနားနေတာကို တွေ့လိုက်ရပါတယ်။ အဲ့လိုကွဲပြားနေတဲ့ အခြေအနေကို သူဘယ်လို အံဝင်ဂွင်ကျဖြစ်အောင် နေထိုင်မလဲဆိုတာကိုတော့ Stranger Things Series ထဲက Lucas ဆိုတဲ့ ဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့ Caleb McLaughlin ကို ဒီဇာတ်ကားထဲမှာ Cole အဖြစ်နဲ့ ကြည့်ရှုပေးကြပါဦး။
ဇာတ်လမ်းအဆုံးမှာပါတဲ့ Eric “E” Miller ဆိုသူကတော့ Fletcher Street Urban Riding Club ရဲ့ အမာခံအစ္စာတော်ခံဖြစ်ပြီးတော့ Harp နေမှာသရုပ်ဆောင်တဲ့ မင်းသား Idris Elba ကိုပါ Philly လေသံပေါက်အောင် ဒါရိုက်တာနဲ့ ပူးပေါင်းပြီး ကူညီပေးခဲ့သူပါ။ Eric ဟာ ရိုက်ကူးရေးမစခင် တစ်ပတ်လောက်မှာပဲ အိမ်ဖောက်ခံရပြီးတော့ နေအိမ်မှာပဲ အသတ်ခံခဲ့ရပါတယ်။
Translated & Review by Bruce
Encoded by MgKyaw
Quality – Web-DL
Size – 1GB / 400MB
IMDB – 6.0
Genres – Drama
Run Time – 1 Hr 51 mins