
Captain Fantastic (2016)
========================
အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ခပ်အေးအေးလေးနဲ့ ဖခင်မေတ္တာကိုဖော်ပြထားတဲ့ဇာတ်ကားလေးပါ။ အရမ်း မျက်ရည်ချူတဲ့ဇာတ်ကားလေးမဟုတ်ပေမဲ့လဲ သားသမီးနဲ့ ဖခင်တို့ကြားက ဆက်သွယ်မှုလေးကို ကောင်းကောင်း တင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့…
ဘန်တို့ မိသားစုက သူများမိသားစုတွေနဲ့ မတူဘဲနဲ့ လူတွေနဲ့ ကင်းကင်းကွာကွာနေတဲ့မိသားစုလေးပါ။ အစားအစာအတွက် ကိုယ်တိုင်စိုက်ပျိုးကြတယ်။ အမဲလိုက်ကြတယ်။ ကလေးတွေကလဲ ငယ်ပေမဲ့ သန်မာအောင်လေ့ကျင့်ပေးထားပါတယ်။ သူတို့က သန်မာပေမဲ့လဲ ပြင်ပအကြောင်းဘာမှမသိကြဘူး။ သူတို့အဖေသင်ပေးထားတဲ့စာအုပ်ထဲက ဟာကလွဲလို့ အခြားအရာ တစ်ခုမှမသိကြဘူး။
ဒါပေမဲ့လဲ သူတို့က ပြင်ပကမ္ဘာကိုသွားဖို့အကြောင်းပေါ်လာကြတယ်။ သူတို့ရဲ့အမေဆုံးပါးသွားတဲ့အတွက် သူတို့အမေရဲ့အသုဘနဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းပေးဖို့ လမ်းပေါ်တက်လာကြရင်းနဲ့ သူတို့ကြုံတွေရတဲ့အထူးအဆန်းတွေနဲ့ သူတို့အတွက် ထူးခြားတဲ့ကမ္ဘာတစ်ခုကိုရောက်သွားသလိုဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ဘဲ သူတို့တွေ ဘာတွေလုပ်ကြမလဲ သူတို့အမေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်စည်းပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုပေးကြပါအုံးခင်ဗျာ။
Translated and Review by Htun Htun
Encoded by Noah
Quality – Bluray
Size – 1GB / 450MB
IMDB – 7.9
Genres – Comedy, Drama
Run Time – 1 Hr 58 mins
download speed limited. Time uses more. pls add another download option -mega up link.