
Broker (2022)
ပင်မင်းဆိုင်ဖွင့်ထားရင်း အကြွေးတင်နေတဲ့ ဆန်းဟျွန်း (ဝါရင့်မင်းသားကြီး Song Kang-ho)ကလေးသေတ္တာဆိုတဲ့ လူမှုရေးအဖွဲ့မှာ အချိန်ပိုင်းလုပ်နေတဲ့ မိဘမဲ့ဂေဟာထွက် ဒုံဆူ(Kang Dong-won) တို့ဟာ မိုးသည်းထန်စွာရွာနေတဲ့ ညတစ်ညမှာ ကလေးသေတ္တာထဲက ကလေးတစ်ယောက်ကို တိတ်တိတ်လေး ခိုးယူသွားကြတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ မထင်မှတ်ဘဲ အမေဖြစ်သူ ဆိုယောင်း (Lee Ji-eun) က သူ့ရင်သွေး အူဆောင်း ကို ရှာဖို့ ပြန်လာခဲပေမဲ့ ကလေးက ပျောက်သွားပြီလို့ ဆိုပါတယ်။ဆိုယောင်းကတော့ ဆန်းဟျွန်းနဲ့ ဒုံဆူတို့ကို တွေ့တဲ့အခါ သူတို့နှစ်ယောက်လုံး အပြစ်ကျူးလွန်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဒါနဲ့ပဲ ကလေးကို ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်ပေးမယ့် မိဘတွေကို ရှာပေးဖို့အတွက် ယူခဲ့တာလို့ ဆင်ခြေပေး ဝန်ခံခဲ့ပြီး ဆိုယောင်းကို ကလေးအတွက် မိဘအသစ်ရှာဖို့ သူတို့ရဲ့ ခရီးကို လိုက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း စုံထောက်ဆူဂျင် (Bae Doo-na)နဲ့ သူမရဲ့ အငယ်တန်း စုံထောက်အီ (Lee Joo-young) တို့ဟာ သူတို့ရဲ့ခရီးစဉ်တစ်ခုလုံးကို စောင့်ကြည့်နေကြပါတယ်။ နှစ်ဝက်ကြာနေပြီဖြစ်တဲ့ အမှုကို အဆုံးသတ်နိုင်ဖို့အတွက် ပြတ်သားမှုရှိတဲ့တဲ့ သက်သေအထောက်အထားတွေကို ရှာဖွေရန် သူတို့နောက်လိုက်ပြီး တိတ်တဆိတ် လိုက်ရှာနေပါတော့တယ်။
ကလေးသေတ္တာဆိုတဲ့နေရာမှာ မထင်မှတ်ဘဲ တွေ့တဲ့လူတွေနဲ့ မထင်မှတ်ထားတဲ့ အထူးခရီးတစ်ခု စတင်ရင်း သူတို့ခရီးစဉ်ဟာ အောင်မြင့်ပါမလား။ မိဘအသစ်တွေကိုရော ရှာနိုင်ပါ့မလား။ ဆိုတာကို ငိုလိုက် ရယ်လိုက်နဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရင်း GCနဲ့အတူတူ လိုက်ပါကြည့်ရှုပေးပါဦး။