
Bloody Hell (2020)
================
ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းလေးတစ်ကားနဲ့ ပရိသတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ January 14/ 2021 တုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Bloody Hell ဆိုတဲ့အတိုင်း ငရဲပြည်ရောက်သွားသလို ကြောက်မက်ဖွယ်ဒုက္ခပေါင်းစုံကြားက လွတ်မြောက်အောင်အသက်လုပြေးကြရတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ရတ်စ်ဟာ စစ်တပ်ကအနားယူထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူဘဏ်တစ်ခုမှာရှိနေတုန်း ဘဏ်ထဲကို လက်နက်ကိုင်လူတစ်စုဝင်ရောက်လာပြီး လုယက်သတ်ဖြတ်ပါတော့တယ်။ မက်ဒီဆိုတဲ့အမျိုးသမီးကိုကယ်တင်ဖို့ကြိုးစားရင်း မမျှော်လင့်ဘဲလူသတ်မိလိုက်ပါတယ်။ လူတစ်ချို့ရဲ့အမြင်မှာတော့ သူ့ကိုသူရဲကောင်းလို့တင်စားကြပေမယ့် အများစုကတော့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတစ်ယောက်လို့သတ်မှတ်ကြပါတယ်။ ဒီအမှုနဲ့သူဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ထောင်နန်းစံလိုက်ရပါတော့တယ်။
ထောင်ထဲကထွက်လာပြီးတဲ့နောက် လူတွေကိုစိတ်နာတာနဲ့ အမေရိကန်ကနေ ဖင်လန်နိုင်ငံကို အလည်အပတ်ခရီးထွက်လာပါတယ်။ လေဆိပ်မှာ ထူးဆန်းတဲ့လင်မယားနဲ့စုံမိပါတယ်။ ဖင်လန်ကိုရောက်တော့ တက္ကစီငှါးစီးရင်း စောစောကတွေ့ခဲ့တဲ့လင်မယားရဲ့ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပါတယ်။ သူ့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ မိသားစုတစ်ခုလုံးမှာ အာလီယာဆိုတဲ့မိန်းကလေးကလွဲပြီးကျန်တဲ့လူတွေအားလုံးဟာ ရက်စက်ကြမ်းကြုတ်ပြီး လူသားစားတဲ့လူတွေဖြစ်နေပါတယ်။ ရတ်စ်ကိုမြေအောက်ခန်းထဲမှာဖမ်းချုပ်ထားတုန်း သူရဲ့ခြေထောက်တစ်ဖက်ကိုဖြတ်ပစ်လိုက်ပါတယ်။ အာလီယာရဲ့အကူအညီနဲ့ မြေအောက်ခန်းထဲကနေ ရတ်စ်ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲ ၊ ခြေထောက်တစ်ဖက်ဘဲရှိတော့တဲ့ ရက်စ်ဟာ လူမဆန်တဲ့လူတွေလက်ထဲက လွတ်မြောက်အောင်ထွက်ပြေးနိုင်ပါ့မလား၊ သူတို့ရဲ့အစာ ဖြစ်သွားမလား၊ အာလီယာနဲ့အတူ ကြောက်စရာအရမ်းကောင်းတဲ့ ဒီအိမ်ကြီးထဲကနေ ဘယ်လိုထွက်ပြေးကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ….
Translated and Review by Maymie Kyaw
Encoded by Noah
Quality – Web-dl
Size – 1GB / 360MB
IMDB – 6.5
Genres – Action, Horror, Mystery
Run Time – 1 Hr 33 mins