ဒီတစ်ခါမှာတော့ GC movie ပရိတ်သတ်ကြီးအတွက် တစိမ့်စိမ့်တွေးပြီး တသိမ့်သိမ့်ရယ်ရစေမဲ့ ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၁၉၉၆ခုနှစ်ကထွက်ရှိခဲ့တဲ့ Beavis and Butt-Head ဆိုတဲ့ ကောင်လေးနှစ်ယောက်ရဲ့ စွန့်စားခန်း နောက်တစ်ကားပဲဖြစ်ပါတယ်
သိပ္ပံပြပွဲမှာ အနိုင်ရရင် အာကာသစခန်းခရီးသွားခွင့်ရမယ်ဆိုတာကြောင့် ပြပွဲမှာ အနိုင်ရဖို့ ကြိုးစားရင်း ကိုဉာဏ်ကြီးရှင်တို့ ပြပွဲကို မီးလောင်တိုက်သွင်းလိုက်သလို ဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့တရားရုံးရောက်သွားပေမဲ့ အင်မတန်ကို ပြင်းထန်တဲ့စီရင်ချက်တွေချလေ့ရှိတဲ့ တရားသူကြီးက သူတို့ကို အပြစ်ပေးရမဲ့အစား အာကာသစခန်းလေ့လာခွင့်ကိုပေးခဲ့ပါတယ်
ဘာလို့များ သူတို့ ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီး အာကာသစခန်းလေ့လာရေးသွားခွင့်ကို ရသွားခဲ့တာလဲ ???
ဒီလိုနဲ့ အာကာသစခန်းကိုရောက်သွားတော့ (တရုတ်သိုင်းကားတွေထဲကလို မည်သို့မည်ပုံဖြစ်သွားသည်မသိ) အငယ်ဆုံး အာကာသယာဉ်မှူးတွေအဖြစ် အာကာသယာဉ်ပေါ်စီးနင်းလိုက်ပါခွင့် ရသွားကြပြန်ပါရော
ဘယ်လိုများ သူတို့လိုက်ပါလို့ရသွားကြပြန်တာလဲ ???
အာကာသထဲရောက်ပြီးသွားတဲ့အခါမှာရော ဘယ်လိုမထင်မှတ်ထားတဲ့ အလွဲလေးတွေနဲ့ ခွီရဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ ရှုစားကြည့်လိုက်ကြပါဦး
တစ်ခုသတိပေးချင်တာကတော့ ကာတွန်းကားဖြစ်ပေမဲ့ တချို့အကြောင်းအရာတွေ အပြုအမူ စကားလုံးအသုံးအနှုန်းတွေကြောင့် ကလေးငယ်များအတွက် မသင့်တော်ပါဘူးနော်
အမှောင်ကြိုက်တဲ့လူကြီးများအတွက်တော့ အထူးပြောစရာလိုမယ်မထင်တော့ပါဘူး ကြည့်ပြီးသာ အကဲဖြတ်လိုက်ကြပါတော့
Review by Hnin Su
Translated by Benni, Hnin Su and Minerva