
အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Battle Royal ဆိုတဲ့ ဂျပန်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Battle Royal ဆိုတဲ့ နာမည်ကို အားလုံးလည်း ရင်းနှီးကြမှာပါ။ Fornite, PUBG, Apex Legends နဲ့ Call of Duty: Warzone တို့လို့ ဂိမ်းတွေကို Battle Royal ဂိမ်းတွေလို့ခေါ်ကြပါတယ်။ Battle Royal ဆိုတဲ့ သဘောသဘာဝက လူအများကို တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင် သတ်ဖြတ်စေပြီးတော့ နောက်ဆုံးကျန်တဲ့ အနိုင်ရသူ ပေါ်ထွက်လာမယ့် အချိန်အထိပါပဲ။ Battle Royal ဆိုတဲ့ စကားလုံးက ဒီဂျပန်ရုပ်ရှင်လေးကနေ အစပြုပြီးတော့ ပေါ်ပေါက်လာတယ်လို့လည်းဆိုကြပါတယ်။
Battle Royal ကို ၂၀၀၀ ခုနှစ်က ထုတ်လုပ်ခဲ့ပြီးတော့ ဒါရိုက်တာကတော့ ဂျပန်ရုပ်ရှင်အမြောက်အများကို ရိုက်ကူးခဲ့တဲ့ Kinji Fukasaku ပဲဖြစ်ပါတယ်။ Battle Royal ရုပ်ရှင်ဟာ ရုံတင်ပြီး ၆ ပတ်ကြာတဲ့အထိ အမြတ်ငွေအများဆုံးရတဲ့ စာရင်းထဲကိုတောင် ဝင်သွားခဲ့ပါသေးတယ်။ အဲဒါနဲ့ Battle Royal ရဲ့ sequal အတွက် Kinji Fukasaku က ထပ်မံကြိုးစားပါတော့တယ်။ ကံဆိုးချင်တော့ Battle Royal 2 အတွက် တစ်ခန်းသာ ရိုက်ကူးပြီးချိန်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ Battle Royal 2 ကိုတော့ Kinji ရဲ့သားဖြစ်သူ Kenta Fukasaku ကပဲ ပွဲဦးထွက်အနေနဲ့ ဆက်လက်ရိုက်ကူးသွားခဲ့ပါတယ်။
မဝေးတဲ့အနာဂတ်တစ်ခုမှာ ဂျပန်နိုင်ငံဟာ နိုင်ငံရေးအခြေအနေမတည်ငြိမ်လျက်ရှိပြီးတော့ ထိုအဖြစ်ကို မကျေနပ်ကြတဲ့ ကျောင်းသားပြည်သူတစ်ချို့က သပိတ်မှောက်ကြပါတယ်။ အဲဒီမှာပဲ အစိုးရအဖွဲ့က သင်ရိုးညွှန်းတမ်းအသစ်တစ်ခုကို ထည့်သွင်းသင်ကြားစေခဲ့ပါတယ်။ ထည့်သွင်းပြီး တစ်နှစ်အကြာမှာတော့ လေ့လာရေးခရီးထွက်ရမယ့် ကျောင်းသားတစ်စုကို လူမနေတဲ့ ကျွန်းတစ်ခုပေါ်ကိုခေါ်သွားခဲ့ပါတယ်။ ပြီးတော့အချင်းချင်းလည်း သတ်ဖြတ်သေခဲ့ကြပါတယ်။ အကယ်၍မလိုက်နာတဲ့သူဆိုရင် လည်ပင်းကကော်လာကို ဖောက်ခွဲပစ်မယ်ဆိုတဲ့အတွက် မသေချင်ရင် အကုန်သတ်ရမယ့် အခြေအနေဖြစ်သွားခဲ့ပါတယ်။ ၃ ရက်အတွင်းမှာ အနိုင်အရှုံးပေါ်အောင် သတ်ရမယ် ကျောင်းသားတွေထဲမှာ ဘယ်သူက အနိုင်ရသူဖြစ်လာမလဲဆိုတာကတော့ ခံစားကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုအခန်းတွေ ပါဝင်တဲ့အတွက် ကလေးတွေ မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။
Review by Bruce
Translated by Monn
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework
=======================
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 450 mb | |
Megaup FHD 1080p | Myanmar | 2 gb | |
Yandex SD 480p | Myanmar | 450 mb | |
Yandex HD 720p | Myanmar | 1 gb | |
Yoteshin Drive SD 480p | Myanmar | 450 mb | |
Yoteshin Drive HD 720p | Myanmar | 1 gb | |
Yoteshin Drive FHD 1080p | Myanmar | 2 gb | |
G Drive SD 480p | Myanmar | 450 mb | |
G Drive HD 720p | Myanmar | 1 gb | |
G Drive FHD 1080p | Myanmar | 2 gb | |
Mediafire SD 480p | Myanmar | 450 mb | |
Mediafire HD 720p | Myanmar | 1 gb | |
Mediafire FHD 1080p | Myanmar | 2 gb | |
Mega SD 480p | Myanmar | 450 mb | |
Mega HD 720p | Myanmar | 1 gb | |
Mega FHD 1080p | Myanmar | 2 gb |