
Barbarians (2021)
===============
GCVerses တိုအတွက် ယခုတစ်ခေါက် အလှည့်ကျလာတာကတော့ Thriller, Mystery ဘက်ခြမ်းပဲ ဖြစ်ပါတယ် ၊ Apr 1 ကမှ ပူပူနွေးနွေး streaming ရရှိထားတာဖြစ်ပြီး အကြိုက်တွေ့လောက်မယ့်ကားတစ်ကားမို တင်ဆက်ပေးလိုက်ပါတယ်နော်
ဇာတ်လမ်းအကျဉ်းကိုပြောရရင်ဖြင့်~~~~
ကျေးလက်ဒေသက လူးကပ်စ်ပိုင်ဆိုင်တဲ့ အိမ်ကနေပဲ စရမှာပေါ့ ၊ လူးကပ်စ်ဟာ အဲဒီအိမ်ကို သေချာမွမ်းမံပြီး နောက်ပိုင်းမှာ resort တစ်ခုအနေနဲ့ပါ ဖွင့်လှစ်ဖို ရည်ရွယ်ထားပုံရပါတယ် ၊ အဲဒီအိမ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ကျောက်ဆစ်ရုပ်ထုတစ်ထု အလှဆင်မယ်ပေါ့လေ ၊ အဲဒီရုပ်ထုကိုတော့ ကမ္ဘာကျော်ပညာရှင် အီဗာ ဆိုတဲ့ အမျိုးသမီးဆီမှာ အထူးအော်ဒါအပ်ထားတာပေါ့ ၊ အီဗာ ဆိုတာ တခြားသူမဟုတ်ပါဘူး ၊ လူးကပ်စ်ရဲ့ သူငယ်ချင်း အက်ဒမ်ရဲ့ ချစ်သူပဲဖြစ်ပါတယ် ၊ ဒီရုပ်ထုကို ထုလုပ်ဖိုအတွက် အီဗာနဲ့ သူ့ချစ်သူအက်ဒမ်တိုဟာ လူးကပ်စ်ပိုင်တဲ့အိမ်မှာ သွားပြောင်းရွှေ့နေကြတာပေါ့
ဒီလိုနဲ့ အက်ဒမ်ရဲ့မွေးနေ့ရောက်ရှိလိုလာပါတော့တယ် ၊ အက်ဒမ်ရဲ့မွေးနေ့ကို ညဘက်ကျင်းပမှာဖြစ်လို သူ့သူငယ်ချင်းအိမ်ပိုင်ရှင်လူးကပ်စ်နဲ့ လူးကပ်စ်ရဲ့ ချစ်သူမိန်းကလေး ခလိုးအီတိုလည်း အဲဒီအိမ်ကို ရောက်လာကြတာပေါ့ ၊ ပြောရရင် ခလိုးအီကလည်း တခြားသူမဟုတ်ပြန်ပါဘူး ၊ အက်ဒမ်နဲ့ အရင်က ချစ်ကြိုက်ဖူးခဲ့တဲ့ ရည်းစားဟောင်းဖြစ်ပါတယ် ၊ ဒီနေရာမှာ အက်ဒမ်ရဲ့ စိတ်နေသဘောထားကို တစ်ချက်ပြောချင်ပါတယ် ၊ ကြည့်ရင်းနဲ့တော့ သိလာကြမှာပါ ၊ အက်ဒမ်က ပြောရမယ်ဆိုရင် အငုံစိတ်ရှိနေတာမျိုးပါ ၊ လူးကပ်စ်ကို သူ့စိတ်ထဲကနေ မနာလိုအားကျသလိုမျိုးဖြစ်နေပြီး မနာလိုနေတာလားဆိုတာကျတော့လည်း လက်မခံနိုင်တာမျိုးပါ ၊ လူးကပ်စ်ပိုင်တဲ့ အခုအိမ်ကိုလည်း သူက လိုချင်နေတာပါ ၊ သူ့ရည်းစားဟောင်းက လူးကပ်စ်အရမ်းချစ်ရတဲ့ လက်ရှိချစ်သူဖြစ်နေလေတော့ သူ့စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတော့တာပေါ့ ၊ အဲဒီလို စိတ်သိပ်မမှန်တဲ့ အက်ဒမ်တိုအတွဲရယ် လူးကပ်စ်တိုအတွဲရယ် ဒီလူလေးယောက်အတူ မွေးနေ့ညကို ဘယ်လိုဖြတ်သန်းကုန်ဆုံးကြမလဲဆိုတာ Sunny တိုနဲ့အတူဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ
Translated by Sunny,Mon& MaryChrist
Review by Sunny
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 326 MB | |
Megaup HD 720p | Myanmar | 776 MB | |
Megaup FHD 1080p | Myanmar | 1.2 GB | |
Mega SD 480p | Myanmar | 326 MB | |
Mega HD 720p | Myanmar | 776 MB | |
Mega FHD 1080p | Myanmar | 1.2 GB | |
G Drive SD 480p | Myanmar | 326 MB | |
G Drive HD 720p | Myanmar | 776 MB | |
G Drive FHD 1080p | Myanmar | 1.2 GB |