Balloon (2018)
ဒုတိယ ကမ္ဘာစစ်အပြီး ဂျာမနီ နိုင်ငံကို ရုရှားနိုင်ငံနှင့် မဟာမိတ်အုပ်စု(အမေရိကန် ပြင်သစ် အင်္ဂလန်)တို့က နှစ်ပိုင်းခွဲ၍ အုပ်ချုပ် ခဲ့ကြသည်။
ထိုသို့ အုပ်ချုပ်ရာတွင် ရုရှားတို့ အုပ်ချုပ်သည့် အပိုင်းကို အရှေ့ဂျာမနီ ဟုခေါ်ပြီး မဟာမိတ်အုပ်စု ရှိသည့်အခြမ်းကို အနောက်ဂျာမနီ ဟူ၍သတ်မှတ် ခေါ်ဝေါ် ခဲ့ကြသည်။
ယခု The Ballon ဇာတ်ကားထဲ၌
အရှေ့ဂျာမနီတွင် နေထိုင်သော ပြည်သူအချို့က ဆိုရှယ်လစ်ဝါဒ ကိုမနှစ်မြို့၍ အနောက်ဂျာမနီသို့ ထွက်ပြေးရန် ကြိုးပမ်းအားထုတ် မှုများကို ရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားဖြစ်သည်။
ဇာတ်လမ်း အစ၌ မိသားစုတစ်စု (စတရယ်ဇီ မိသားစု) မီးပုံးပျံဖြင့် ထွက်ပြေးရာမှ လောင်စာပိုက်လိုင်း ခဲ၍ နယ်စပ်အနီး၌ပင် မီးပုံးပျံ ပျက်ကျခဲ့သည်။
ယင်းဖြစ်စဉ်မှ ပြည်နယ်လုံခြုံရေးအဖွဲ့ (စတာစီ)တို့၏ သဲလွန်စရှာ နောက်ရောင်ခံ ရှာဖွေခြင်းကို ဘယ်လို ပါးနပ်စွာ ရှောင်တိမ်းပြီး သူတို့ ဆန္ဒဖြစ်သည့် အနောက်ဂျာမနီကို ဖြတ်ကျော်ခိုလှုံနိုင်မည်လား……
ဒါမှမဟုတ် စတာစီ တို့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံသွားရမည်လား ဆိုတာ ရင်တမမနဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတော့တယ်
Translated by Sam Enderson
encoded by Ada
imdb – 7.7
genre – Drama, History, Thriller
run time – 2hr5min