ဒီဇာတ်ကားလေးကတော့ IMDb rating 8.5ထိရရှိကားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ…
၁၉၅၀ခုနှစ်လောက်က ကိုရီးယားစစ်ပွဲမှာ စစ်ကူအဖြစ်သွားရောက်ပူးပေါင်းပါဝင်ခဲ့တဲ့ တူရကီ စစ်ဗိုလ်မှူး Suleyman Dilbirligi ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
တူရကီဗိုလ်မှူးစူလေးမန်းဟာ တော်ပြီးထက်မြက်တဲ့ မျိုးချစ်စိတ်အပြည့်နဲ့ စစ်ဗိုလ်တစ်ဦးပါ။ စစ်ပွဲအတွက်သွားရင်း တစ်နေ့မှာ ကယ်သူမဲ့နေတဲ့ ကိုရီးယားကလေးမလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ နဂိုထဲက စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဗိုလ်မှူးဟာ ထိုကလေးမလေးကို ခေါ်ယူပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ထိုကလေးမလေးရဲ့ မိသားစုကိုရှာဖွေရင်း ဗိုလ်မှူးနဲ့ ကလေးမလေးကြားက သားအဖသံယောဇဥ်ဟာ သားအဖအရင်းရှာ သံယောဇဥ်ထက်ကို ပိုလွန်လာခဲ့ပါတယ်… ဒီလိုနဲ့ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ပြည့်သွားခဲ့သောအခါ ဗိုလ်မှူးဟာ တူရကီကို ပြန်ရဖို့ ဖြစ်လာပါတယ်။ ကလေးမလေးဟာ ကိုရီးယားသူဖြစ်တာကြောင့် ကိုရီးယားမှာပဲ နေခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့သားအဖသံယောဇဥ်လေး ပြတ်တောက်သွားပေမယ့် အသက်ကြီးတဲ့အထိ သူ့သမီးလေးကို လိုက်ရှာနေခဲ့တဲ့ ဖေဖေတစ်ယောက် သူ့သမီးကိုရီးယားသူလေးကို ပြန်တွေ့နိုင်ခဲ့ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည်နူးဖွယ် မြင်တွေ့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
အဖေရင်းတစ်ယောက်မဟုတ်ပေမယ့် အဖေရင်းရှာလို ချစ်တတ်တဲ့ ဖခင်စိတ်ကို ဖော်ကျူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့ ဖေဖေ့ချစ်သမီးတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ လက်မလွှတ်တမ်းကြည့်လိုက်ရအောင်နော်…
Translated and Review by Faith