
Avatar: The Way of Water
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ရုပ်ရှင်လောကကိုကိုင်လှုပ်ပစ်ပြီး တစ်ဆင့်မြှင့်တင်ပေးခဲ့တဲ့ Avatar ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယကားထွက်ရှိလို့လာပါပြီ။ Avatar: The Way of Water ကိုလည်း ပထမကားရဲ့ဒါရိုက်တာ James Cameron ကပဲ ဆက်လက်ရိုက်ကူးထားသလို မင်းသား Sam Worthington နဲ့မင်းသမီး Zoe Saldana တို့ပါ ထပ်မံပါဝင်လာပါတယ်။
ဇာတ်လမ်းအကျဉ်း
Jake နဲ့ Ney’tiri တို့က အေးအေးဆေးဆေးမိသားစုဘဝလေးမှာ နေချင်နေပေမဲ့ Pandora ဂြိုလ်ကြီးမှာ စွန့်စားခန်းတွေဖွင့်ရဖို့ ဖြစ်လာပါတော့တယ်။ လူသားတွေ Pandora ကနေနှင်ထုတ်ခံရပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ Pandora ကိုထပ်မံသိမ်းပိုက်ဖို့ လူသားတွေရောက်လာတဲ့အချိန်မှာ Jake တို့တွေကလည်း ပြန်လည်ခုခံကြရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒါရိုက်တာ James Cameron ရိုက်တာဆိုတော့ မကောင်းမှာကိုတော့ လုံးဝစိတ်ပူစရာမလိုပါဘူး။ ဆန်းကြယ်လှတဲ့ Pandora ဂြိုလ်ကြီးရဲ့အလှတရားတွေနဲ့ မျိုးနွယ်စုအသစ်တွေကိုပါ တဝကြီးကြည့်ရှုရမှာဖြစ်လို့ အခုပဲကြည့်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
Reviewed by Icicle
Boardwalk Empireစီးရီးလေးတင်ပေးပါအုံးHBOစီးရီးတွေဆိုgoldchannelကိုပဲအားကိုးနေရတာပါ
HD အစစ်လား
G Drive က တင်ပေးပါလားဗျ။
Gold channel ကြီးရေ အခြား လင့်တွေပေးပါဦးဗျာ
ဟုတ်တယ်ဗျာဒီ Megaကြီးဒေါင်ရတာခက်တယ်
720p လုပ်ပါအူးဗျာ
data သမားမို့ပါ🙏