
Assassins (2020)
===============
လက်ရှိမြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းအာဏာရပြီး မကြာခင်မှာဘဲ သူ့ရဲ့အဖေတူအမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနန်ရဲ့ လုပ်ကြံခံရမှုဟာ တစ်ကမ္ဘာလုံးအတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဒီ Documentary လေးကတော့ ကင်ဂျုံနန်လုပ်ကြံခံရမှုနောက်ကွယ်က ဖြစ်ရပ်တွေကို အသေးစိတ်တင်ဆက်ထားတာဖြစ်ပါတယ်။ အမျိုးကိုတောင် မသက်ညှာတတ်ဘူးလို့ နာမည်ဆိုးတွင်နေတဲ့ကင်ဂျုံအန်းရဲ့လက်ချက်လို့ လူတိုင်းအတပ်သိနေပေမယ့် ဘယ်သူကမှ သက်သေမပြနိုင်ခဲ့ပါဘူး။
ဒီ Documentaryမှာတော့ ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနန်ကိုလုပ်ကြံသူက အင်ဒိုနီးရှားတစ်ယောက် မလေးရှားတစ်ယောက်ဖြစ်တာကနေ အစပြုလို့ ဒီဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ်ရိုက်ကူးထားတာဖြစ်လို့ ဒီမိန်းကလေးနှစ်ယောက်က တကယ်ပဲလူသတ်သမားလား။ တစ်ကမ္ဘာလုံးထင်ထားတဲ့ မြောက်ကိုရီးယားနဲ့ ဒီလူသတ်မှုက ဘယ်လိုတွေပတ်သတ်နေလဲ။ အမျိုးသမီးနှစ်ယောက်ကိုယ်တိုင်ကိုက မြောက်ကိုရီးယားရဲ့လက်ပါးစေလား ဒါမှမဟုတ် အသုံးချခံရသူတွေလား ဒီအမှုကို မလေးရှားတရားရုံးက ဘယ်လိုစီရင်ချက်ချမလဲ အစရှိတဲ့မေးခွန်းတွေကို အဖြေရှာချင်တဲ့ နိုင်ငံရေးဝါသနာအိုးတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်လို့ လက်မနှေးရအောင် သတင်းပေးလိုက်ရပါတယ်။
Translated and Review by MaryChrist
Encoded by Noah
Quality – Webrip
Size – 1GB / 400MB
IMDB – 7.6
Genres – Documentary
Run Time – 1 Hr 44 mins