
မိန်းမတွေက ယောက်ျားတွေကို အပြည့်အဝနားမလည်နိုင်ဘူးတဲ့(ကိုယ်တိုင်တောင် နားလည်ကြတာမဟုတ်ဘူး တကယ်🤣)။ ဒီတော့ အိမ်မှာရှိတဲ့တစ်မိသားစုတည်းဖြစ်တဲ့ အမျိုးသမီးတွေနဲ့တောင် သူတိုကို အပြည့်အဝနားလည်ဖိုဆိုတာ ကောင်းကင်ကကြယ်ပါပဲ။ ဒါပေမဲ့ မိန်းမတွေ အင်အားများတဲ့အိမ်တစ်အိမ်မှာ သင်သာတစ်ဦးတည်းသော ယောက်ျားလေးဖြစ်နေခဲ့မယ်ဆိုရင်တော့…
ချီရန်ဂျဗီဟာ အဒေါ်တွေအစ်မတွေကြားမှာ ဖူးဖူးမှုတ်ခံထားရတဲ့ ကောင်လေးတစ်ယောက်၊ အဒေါ်တွေရဲ့ ရင်နှစ်သည်းချာလေးပေါ့။ ဒါပေမဲ့ သီးချိန်ပွင့်ချိန်တန်တဲ့ လူပျိုလေးအရွယ်ရောက်လာလို အပျိုလေးတွေနဲ့ စေ့စပ်ကြောင်းလမ်းချိန်မှာ အပျိုကြီးတွေရဲ့ စေ့စေ့ပေါက်ပေါက် မျက်စိဒေါက်ထောက်ကြည့်တဲ့စံနှုန်းကနေ ဘယ်မိန်းကလေးမှ မကျော်လွှားနိုင်ရင်းကနေ အသက် ၃၅ နှစ်အထိ ဂေါ်မစွံကြီးဖြစ်ပြီး သူငြင်းလိုက်တဲ့မိန်းကလေးမှန်သမျှ အသီးသီးစွံသွားကြတာပေါ့။ မိန်းမဖြစ်ရင်ပြီးရော ယူမယ်လိုသတ်မှတ်လိုက်တာတောင်မှပဲ သူကပြန်အငြင်းခံရတဲ့အထိပါပဲ။ ဒါပေမဲ့ အဒေါ်ကြီးတွေစောင့်ကြပ်နေတဲ့ကြားက ကားပေါ်မှာ အမှတ်မထင်ကူညီမိလိုက်တဲ့ အာဒီယာဆိုတဲ့ မိန်းကလေးက ပိတ်လှောင်ထားတဲ့ သူ့ရဲ့နှလုံးသားတံခါးကိုမှ တိုက်တိုက်ဆိုင်ဆိုင် လာခေါက်လေတော့…
ကဲ ချီရန်ဂျဗီတစ်ယောက် မြင်မြင်ချင်းချစ်မိသွားတဲ့ အာဒီယာရဲ့အချစ်ကိုရဖို ဘယ်လိုကြိုးစားသွားမလဲ။ အာဒီယာကိုရော အဒေါ်ကြီးတွေက သဘောကျပါ့မလား။ ချီရန်ဂျဗီရဲ့ တစ်ဖက်သတ်အချစ်က အပြန်အလှန်ချစ်ခြင်းအဖြစ် ပြောင်းလဲပြီး လူပျိုသိုးဘဝကကျွတ်သွားမလားဆိုတာကိုသိချင်ရင်တော့ Aadavallu Meeka Joharluလေးကို ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ အချစ်ဟာသကားလေးဖြစ်တာကြောင့် ရိုတာလေးလည်းပါ အသဲကွဲတာလေးလည်းပါ ရယ်မောစရာလေးတွေလည်းပါမှာဖြစ်လို တစ်နေ့တာအမောတွေပြေပျောက်သွားစေမယ့် ဇာတ်ကားကောင်းလေးဖြစ်မှာပါ။
Options | Quality | Language | Size |
---|---|---|---|
Megaup SD 480p | Myanmar | 510 MB | |
Megaup HD 720p | Myanmar | 1.2 GB | |
Mega SD 480p | Myanmar | 510 MB | |
Mega HD 720p | Myanmar | 1.2 GB | |
G Drive SD 480p | Myanmar | 510 MB | |
G Drive HD 720p | Myanmar | 1.2 GB | |
Mega FHD 1080p | Myanmar | 1.93 GB | |
G Drive FHD 1080p | Myanmar | 1.93 GB | |
Megaup FHD 1080p | Myanmar | 1.93 GB |