
A Year-End Medley (2021)
==================
ပရိသတ်တို့အားလုံး Happy New Year ပါနော်🎉
၂၀၂၂ မှာ ထိပ်တန်းကြည့်စရာအနေနဲ့ ဒီ A Year End Medley (해피 뉴 이어) ဆိုတဲ့ကားလေးကို ညွှန်းပြချင်ပါတယ်။ နှစ်ကုန်သွားလို့ နှစ်ဆန်းနေပြီဆိုပေမဲ့လည်း ဒီကားမှာ နာမည်ကြီး မင်းသား မင်းသမီးတွေ အစုံပါတယ်ဆိုတော့ ငမ်းလိုက်ကြပါဦးလို့ 😆
ဒီကားထဲမှာဆိုရင် ခရစ်စမတ်နှစ်သစ်ကူးကာလအတွင်း Hotel Emross ဆိုတဲ့ဟိုတယ်ထဲမှာ တည်းခိုနေထိုင်ကြတဲ့ လူတွေရဲ့ ဘဝဇာတ်စုံကိုမြင်ရမှာပါ။
၁၅ နှစ်ကြာ crush ခဲ့ရတဲ့ bff ကောင်လေးကို ဖွင့်ပြောဖို့ တွန့်နေရာကနေ bff က လက်ထပ်မယ့်သူကို ခေါ်လာလို့ ကြေကွဲနေတဲ့ ဟိုတယ်မန်နေဂျာ ပတ်ဆိုဂျင်း(Han Jimin) ၊ စုံဂဏန်းတွေကိုပဲ ကြိုက်ပြီး အယူသည်းနေတဲ့ ဟိုတယ်ကိုယ်စားလှယ်ကြီး(Lee Dongwook) ၊ Musical တွေကြိုက်လို့ auditionတွေ ဖြေပေမဲ့ အမြဲတမ်း ကျနေတဲ့ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းလေး အီယောင်း(Won Jina)၊ စာမေးပွဲကျ စော်ပစ်ခံရနဲ့ စိတ်ဓာတ်တွေကျပြီး ဟိုတယ်မှာ သေကြောင်းကြံဖို့လုပ်မယ့် ဂျယ်ယောင်း(Kang Haneul)၊ ဟိုတယ်မှာ မောနင်းကောအဖြစ်ဆောင်ရွက်နေတဲ့ အသံချိုချိုပိုင်ရှင်လေး (Im Yoona)၊ ဟိုတယ်မှာ ဖျော်ဖြေပွဲလုပ်မယ့် Idol အီဂန်(Seo Kangjun)နဲ့ မန်နေဂျာ(Lee Kwangsoo)တို့နှစ်ယောက်၊ သမီးဖြစ်သူမင်္ဂလာဆောင်မယ့် ဟိုတယ်ကိုရောက်လာပေမဲ့ ငယ်ချစ်ဦး ဟိုတယ်တံခါးစောင့်နဲ့တွေ့ဆုံလိုက်ရတဲ့ ကယ်သရင်း… ထိုသူထိုသူတို့ရဲ့ Hotel Emross မှာတွေ့ဆုံခိုက် ဖြစ်ကြောင်းကုန်စင် အထွေထွေကို တွေ့မြင်ကြရမှာပါ။
Melodrama, Romance, Comedy အမျိုးအစားဖြစ်ပြီး ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီးတွေကို တဝကြီး ငမ်းလို့ရအောင် ဒီကားလေးကို ဒေါင်းကြည့်လိုက်ပါတော့နော်။
Translated by Mary Christ, Egg & Grace
Reviewed by Grace
Options | Quality | Language | Size |
---|---|---|---|
Mega SD 480p | Myanmar | 500 MB | |
Megaup SD 480p | Myanmar | 500 MB | |
Megaup HD 720p | Myanmar | 1 GB | |
Megaup FHD 1080p | Myanmar | 2.4 GB | |
Mega SD 480p | Myanmar | 500 MB | |
Mega HD 720p | Myanmar | 1 GB | |
Mega FHD 1080p | Myanmar | 2.4 GB | |
Yandex SD 480p | Myanmar | 500 MB | |
Yandex HD 720p | Myanmar | 1 GB | |
G Drive SD 480p | Myanmar | 500 MB | |
G Drive HD 720p | Myanmar | 1 GB | |
G Drive FHD 1080p | Myanmar | 2.4 GB |