
A Nightmare Wakes (2020)
=====================
စာရေးဆရာမလေး မေရီရဲ့ Frankenstein ၀တ္ထုကနေ အစပြုလာတဲ့ A Nightmare Wakes…
ကဗျာဆရာလော့ဘိုင်ရွန်တစ်ယောက် သူ့ရဲ့ပါတီပွဲကို သူ့သူငယ်ချင်းတွေကိုဖိတ်ခဲ့ပါတယ်။ ဘိုင်ရွန်ရဲ့သူငယ်ချင်း ကဗျာဆရာပါစီရှယ်လီကလည်း သူ့ရဲ့တရားမ၀င်မိန်းမ မေရီနဲ့သူ့ညီမကိုပါခေါ်ပြီး ရောက်လာခဲ့ပါတယ်။ ရာသီဥတုအခြေနေကြောင့် အိမ်ထဲမှာတင်နေနေရတဲ့အတွက် ပျင်းရိနေကြတဲ့သူတို့က ကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပြောပြပြီး အချိန်ဖြုန်းကြဖို တွေးမိလိုက်ကြပါတယ်။ အဲဒီအချိန်မှာပဲ မေရီကလည်း သူ့ရဲ့ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။
ပါစီနဲ့မေရီကို နှစ်ဖက်မိဘတွေက သဘောမတူတဲ့အပြင် တရား၀င်လည်းလက်မထပ်ရသေးပါဘူ။း ပါစီရဲ့ အရင်မိန်းမက သူကိုယ်၀န်ဆောင်နေတဲ့အချိန်မှာ သူ့ကိုယ်သူသတ်သေသွားခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကြောင့်ပဲ ပါစီကခုချိန်မှာ မေရီနဲ့လက်ထပ်ဖိုကို ကြောက်နေခဲ့ပါတယ်။ ခုလိုလက်မထပ်ရသေးတဲ့ အခြေအနေကြောင့်ပဲ မေရီစိတ်ထဲမှာ မကျေနပ်ချက်တွေရှိလာပြီး သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာလည်း ပြသနာတွေရှိလာခဲ့ပါတယ်။ အတိတ်ကဖြစ်ရပ်ကြောင့် လက်ထပ်ဖိုကိုကြောက်နေတဲ့ ပါစီက မေရီကိုလက်ထပ်မှာလား။ မေရီရဲ့၀တ္ထုကရော ဘယ်လိုမျိုးလဲဆိုတာတော့ ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရူပေးပါဦး။
Translated and Review by Aye Phyo
Encoded by Noah
Quality – Webrip
Size – 1GB / 350MB
IMDB – 4.3
Genres – Horror, Thriller
Run Time – 1 Hr 30 mins